Chapter 50:(တစ်လှေတည်းစီး)

1.4K 293 29
                                    

[Unicode]
- တစ်လှေတည်းစီး -

"လူတစ်ယောက်ကို တီးခေါက်ကြည့်တယ်ဆိုတာ
ရေအရသာကို မြည်းကြည့်တာနဲ့ အတူတူပဲ!"

ရှောင်းချီရယ်၏ မျက်ဝန်းများသည် ပကတိ အေး
စက်နေလျက်၊ သူက အေးစက်စွာ ဆက်ပြောသည်။

"ရိုးသားဖြူစင်လွန်းတာက ဘာအဝတ်အစားမှ ဝတ်
မထားတာနဲ့ တူတယ်...ငါတို့တွေ တစ်ယောက်နဲ့တစ်
ယောက် ပွင့်ပွင့်လင်းလင်းပြောမှ ရှေ့ဆက်လုပ်လို့
ရမှာ....မင်းပြောတာ မှန်တယ်...နန်လင်အမဲလိုက်
ကွင်းမှာ ပြဿနာဖြစ်သွားတော့...ဟိုင်လျှန်ယီ ဦး
ဆောင်တဲ့ အတွင်းဝန်ရုံးမှာ ပြောင်းလဲမှုတွေ ရှိသွား
မယ်လို့ ငါ ထင်ထားခဲ့တာ...ဒါပေမဲ့ သူက ပြောင်းလဲ
မသွားဘဲ၊ မျိုးနွယ်ကြီး(၈)က ရွှယ်းရှိုးကျွော်ကိုပဲ
အရေးပါတဲ့ ရာထူးရအောင် လုပ်ပေးလိုက်တယ်...
အဲ့ဒီအချက်ကို ကြည့်ခြင်းအားဖြင့်၊ ဟိုင်လျှန်ယီ့အ
နေနဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုလုံးကို ပြုပြင်ပြောင်း
လဲနိုင်တဲ့ အဆင့်ထိရောက်သွားရင်တောင်...မြင့်မြတ်
တဲ့ မျိုးနွယ်တွေရဲ့ အာဏာနဲ့ လွှမ်းမိုးမှုကို ဆက်ပြီး ဦးညွှတ်နေရအုံးမယ်ဆိုတာ သိသာနေတယ်...အဲ့ဒီ
လိုအခြေအနေမှာ ရှောင်းမျိုးနွယ်တစ်ခုတည်း သီး
ခြားရပ်တည်ပြီး၊ တခြားလူတွေကို ကူညီဖို့ ကြိုး
စားတာက...သစ်လုံးတစ်ခုတည်းနဲ့ အဆောက်အဦး
ကြီးတစ်ခုလုံးကို ပြိုလဲမသွားအောင် ထောက်မှီ
ထားတာနဲ့ အတူတူပဲ၊ ဘာမှအကျိုးကျေးဇူးမှ ဖြစ်
ထွန်းမှာ မဟုတ်ဘူး.."

ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏ စကားများကို ဂရု
တစိုက် နားထောင်လျက်၊ သေသေချာချာ စဉ်းစား
လိုက်ပြီးနောက် -

"ဒါဆိုရင် သူတို့ကို ဘယ်လိုဖော်ပြသင့်လဲ? ဘုံရန်သူ
သာ မရှိဘူးဆိုရင်၊ သူတို့က အချင်းချင်း ရန်သူတွေ ဖြစ်နေတာ ကြာပြီ....အစကတည်းက တစ်‌ဖက်
စောင်းဖြစ်နေတဲ့ ရေခွက်တစ်ခွက်ကို ကိုင်ပြီး မ
မှောက်အောင် ဟန်ချက်ညီညီထားတာက လူတစ်
ယောက်ကို ကိုင်တွယ်ဖြေရှင်းရတာထက် ပိုပြီးခက်
တယ်...ဟိုအရင် ရှောင်းမျိုးနွယ်မပေါ်ခင်တုန်းက၊ မျိုးနွယ်ကြီး(၈)ခုက သူတို့မျိုးနွယ်တွေပဲ တစ်လှည့်
စီ ဂုဏ်ကျက်သ‌ရေအမြင့်ဆုံးမှာ အလှည့်ကျ စံမြန်း
လာခဲ့တာ...၊ ဒါပေမဲ့ ရှောင်းမျိုးနွယ် ပေါ်ပေါက်လာ
တဲ့အခါကျ...မျိုးနွယ်ကြီး(၈)ခုက သူတို့ချည် အသာ
စံလို့ မရတော့ဘူး၊ အကောင်းရော အဆိုးပါ စတင်
ပြီး ခံစားလာရတယ်....၊ အခုချိန်မှာ ဟွားမျိုးနွယ်ရဲ့ ရှုံးနိမ်မှုက ယာယီပဲ....တော်ဝင်နန်းတော်က ဟွားမျိုး
နွယ်ရဲ့ အ‌ကြွင်းအကျန်တွေကို ဖယ်ရှားပစ်နေတာဆို
ပေမဲ့၊ ဟိုင်လျှန်ယီအပါအဝင် ဘယ်သူမှ မယ်တော်
ကြီးကို အခုချိန်ထိ အပြစ်မရှာရဲကြသေးဘူး...လက်
တလော ဟွားမျိုးနွယ်နဲ့ ချီးမျိုးနွယ်ကြားမှာ မဟာ
မိတ်လက်ထပ်ပွဲလုပ်လိုက်တယ်ဆိုတာက ဟွားမျိုး
နွယ်အနေနဲ့ သူတို့ရဲ့ အာဏာကို ဆက်လက်ထိန်း
သိမ်းဖို့အတွက် လက်ဦးမှုရယူလိုက်ရုံတင်မကဘူး၊
ရှောင်းမျိုးနွယ်အတွက် ပြင်ပအကူအညီတွေ ရလာ
နိုင်မယ့် နည်းလမ်းတွေကိုပါ နည်းပါးသွားအောင်
လုပ်လိုက်တာ...တစ်ချို့အရာတွေက သူ့နေရာနဲ့သူ
ရှိနေတော့...အကုန်လုံးကို ချိတ်ဆက်ပြီး တွေးတော
မကြည့်ရင် သခင်လေးအနေနဲ့ ဘာကိုမှ သိရမှာ မ
ဟုတ်ဘူး..သူတို့ ချန်ရစ်တဲ့ အစက်လေးတွေကို လိုက်
ဆက်ကြည့်မှ ဘာဆိုတာ ကွဲကွဲပြားပြား သိရမှာ!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now