Chapter 28:(လမ်းသွယ်ထဲမှ သေရည်အမူးသမားလေး)

1.8K 389 79
                                    

[Unicode]
- လမ်းသွယ်ထဲမှ သေရည်အမူးသမားလေး -

ဧကရာဇ်အသစ် နန်းတက်သည့်အချိန်သည် ဆောင်း
ဦးဝင်ခါစအချိန်ဖြစ်သဖြင့်၊ ချွိတူးမြို့၌ မိုးရေးစက်
ကလေးများ အဆက်မပြတ်ကျဆင်းနေတော့သည်။ အိုဟောင်းပြီး အနက်ရောင်သန်းနေပြီဖြစ်သော
အမိုးအုတ်ကြွပ်များ၏ အစွန်းများတွင်မူ အဖြူ
ရောင် လက်ဆွဲမီးပုံးလေးများကို ချိတ်ဆွဲ၍ ထား
ကြ၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ မြို့ရိုး
နံရံပေါ်သို့ တက်၍ ချိတူးမြို့အား အထက်စီးမှ အုပ်
မိုးကာ ကြည့်ရှုလိုက်မည်ဆိုပါက၊ ထိုသူဟာ မြို့၏
ပတ်ဝန်းကျင်အနှံ့အပြားတွင် ရစ်ပတ်လွမ်းခြုံနေ
သော ဆောင်းဦးရာသီ၏ အေးစက်စက် အငွေ့
အသက်များကို မြင်ရလိမ့်မည်မှာ မလွဲပေ။

ဆောင်းဦးအမဲလိုက်ပွဲ ဖြစ်ရပ်အား အကြောင်းပြု
၍ တော်ဝင်ကိုယ်ရံတော်တပ်များသည် သူတို့၏ အမိန့်ပြားများကို ဖယ်ရှားခံရပြီးပြီ ဖြစ်သည် ။
ကျိလေနှင့် ချောင်ထျန်းယာကဲ့သို့သော အဆင့်(၅)
နှင့် ၎င်း၏ အထက်၌ရှိသည့် တော်ဝင်ကိုယ်ရံတော်
များမှာ အကျဉ်းချခြင်း ခံထားရပြီး၊ ဟွားစစ်ချန်း
နှင့်ဖန်းရူကွေ့တို့ နှစ်ယောက်မှာ တရားရေး ရုံး(၃)
ရုံး*ဆီသို့ လွှဲအပ်ခြင်းခံလိုက်ရပြီး၊ အတူတကွ
ပူးတွဲ၍ စစ်ဆေးခံနေရလေ၏ ။

[T/N: တရားရေး ရုံး(၃)ရုံး ~
တရားရေးဝန်ကြီးဌာန၊ တရားစီရင်ရေးဆိုင်ရာ
တရာရုံးနှင့် စောင့်ကြည့်ရေးဌာန။]

ရွှယ်းရှိုးကျွော်သည်ကား ဘဏ္ဍာငွေစိစစ်ရေးဌာန၏ ကြီးကြပ်ရေး အတွင်းရေးမှုးရာထူးမှ​နေပြီး တရား
စီရင်ရေးဆိုင်ရာ တရာရုံး၏ လက်ထောက်ဝန်ကြီး
ရာထူးသို့ တိုးမြှင့်‌ပေးခြင်း ခံလိုက်ရသည် ။

ဤရာထူးသည် ဘဏ္ဍာငွေ စိစစ်ရေးဌာန၏ ကြီး
ကြပ်ရေး အတွင်းရေးမှူးရာထူးလောက်ပင် အာဏာ ရှိသည်ဟု မထင်ရပေ။ သို့သည်းတိုင် အမှန်စင်စစ်၌
သူ့အား ဤရာထူးကို ပေးအပ်လိုက်ခြင်းသည်
တရားရေးဆိုင်ရာ ရုံး(၃)ရုံး၏ ဗဟိုအုပ်ချုပ်ရေး
အပိုင်းထဲအား ထည့်သွင်းလိုက်သကဲ့သို့ပင်။

ပို၍ မြင်သာအောင် ပြောရလျှင်ဖြင့်၊ ထိုရာထူးကို
ခန့်အပ်လိုက်ခြင်းသည် ရွှယ်းရှိုးကျွော်အား မည်
သည့် အမှုကိစ္စကိုမဆို စိတ်ကြိုက် ပြန်လည်စစ်
ဆေးရန်အတွက် အာဏာ ‌ပေးအပ်လိုက်ခြင်းသာ
ဖြစ်သည်။ ထို့အပြင် သူသည် တရားရေးဝန်ကြီး
ဌာနနှင့် စောင့်ကြည့်ရေးဌာနမှ တာဝန်ယူ လုပ်
ဆောင်ရလေ့ရှိသော 'ပြန်လည်စစ်ဆေးခြင်းနှင့်
ဝေဖန်မှု အဆိုတင်သွင်းခြင်းကိစ္စများ'တွင်လည်း ပါဝင်ခွင့်ရှိသေး၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now