Chapter 81:(အရိပ်များ)

2.3K 218 13
                                    

[Unicode]
               - အရိပ်များ -

အကျဉ်းထောင်ထဲရှိ အစားအစာများသည် အနည်းငယ်မှပင် သန့်ရှင်းသပ်ရပ်မှု မရှိသဖြင့်၊ ရှီးဟုန်ရွှမ်းမှာ အစာအိမ်နာကျင်မှုကို ခံစားနေရပြီး၊ ကပ်ရောဂါဖြစ်ပွားစဉ်ကတည်းက သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အလိုလို အားနည်းနေခဲ့ရာ၊ ယခုအခါ၌ သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း အားအင်ချည့်နဲ့လို့ နေခဲ့၏။ သူသည် ရုပ်ရည်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေသည်သာမက၊ စိတ်ပိုင်းဆိုင်ရာသည်လည်း အခြေအနေသိပ်မကောင်းရာ၊ ထုံထုံထိုင်းထိုင်းနှင့် မကြာခဏဆိုသလို မှေးခနဲ၊ မှေးခနဲ အိပ်ပျော်သွားတတ်ပြီး၊ သူအိပ်ရာနိုးလာသည့် အချိန်တိုင်းတွင်လည်း ပတ်ဝန်းကျင်တစ်ခွင်လုံး အမှောင်ထုကြီးသာ ကြီးစိုးနေသဖြင့်၊ အချိန်တွေကြာလာသည်နှင့်အမျှ သူသည် ဘယ်အချိန်ဘယ်ဝယ် ရှိနေပြီးလဲဆိုသည်ကိုပင် မခန့်မှန်းတတ်တော့ချေ။

လေဝင်လေထွက်ကောင်းစေရန်အတွက် ပြတင်းပေါက်တစ်ခုတစ်လေမှပင် မရှိသော၊ မှောင်မဲပြီး ကျဉ်းမြောင်းနေသည့် ဤအကျဉ်းခန်းထဲတွင် ဆိုးရွားသော အနံ့အသက်များ၊ စိုထိုင်းထိုင်း မှိုနံ့များနှင့်သာ ပြည့်နှက်နေပြီး၊ သာမန်လူတစ်ယောက်အဖို့ ၎င်းအား သည်းခံရန်မစွမ်းနိုင်လောက်ပေ။

ရှီးဟုန်ရွှမ်းသည်ကား ဆိုးဆိုးဝါးဝါး နာမကျန်းဖြစ်နေသဖြင့်၊ သူ၏ ခန္ဓာကိုယ်မှာ အလိုရှိသလို စိတ်ကြိုက် လှုပ်ရှား၍ မရတော့ပေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကောက်ရိုးဖျာပေါ်တွင် မလှုပ်မယှက်လဲလျောင်းနေလျက်၊ သူ၏ အသိစိတ်ကို စိုထိုင်းအေးစက်မှုတို့နှင့်အတူ မျော့လွင့်နေရန်သာ။

နေ့စဉ်နှင့်အမျှ ‌ထောင်ကြီးကြပ်သည် ရှီးဟုန်ရွှမ်းအတွက် ထမင်းလာပို့ရာ၊ ယနေ့တွင်လည်း သူသည် ထုံးစံအတိုင်း ပန်းကန်ပြားလျှိုပေးသော အပေါက်သေးသေးလေး၏ တံခါးကို ဖွင့်၍ အနှီးလူအတွက် ထမင်းပန်းကန်ကို အထဲသို့ တွင်းပို့ပေးလိုက်သည်။ သို့သည်းတိုင်၊ ယနေ့၌မူ ထောင်ကြီးကြပ်သည် ရှီးဟုန်ရွှမ်း၏ လှုပ်ရှားမှုများကို တစ်စုံတစ်ရာမှပင် မကြားရသဖြင့်၊ အပေါက်ငယ်လေးမှတစ်ဆင့် အထဲသို့ တစ်ချက်လေ့လာ အကဲခတ်ကြည့်လိုက်ရာ၊ ခေါင်းငိုက်စိုက်ကျနေသော ရှီးဟုန်ရွှမ်းအား တွေ့လိုက်ရသည်။ ထိုအခါ သူသည် ရှီးဟုန်ရွှမ်းသေဆုံးသွားမည်ကို အလွန်အမင်း ကြောက်လန့်သွားပြီး၊ အကျဉ်းခန်းထဲသို့ ချက်ချင်း ဝင်ကာ၊ မီးအိမ်ကို မြှောက်၍ ရှီးဟုန်ရွှမ်း၏ မျက်နှာရှေ့တွင် တစ်ချက်နှစ်ချက် လှုပ်ကြည့်လိုက်၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now