Chapter 61:(ပြိုကျပျက်စီးခြင်း)

1.5K 234 26
                                    

[Unicode]
          - ပြိုကျပျက်စီးခြင်း -

ယင်နာရီ*သို့ နီးကပ်လာချိန်တွင် ရုတ်တရက် မိုး
များရွာချလာသဖြင့် ချန်ယန်မှာ နားနေခန်းမ,အား
သန့်ရှင်းရေးလုပ်နေရပြီး၊ သူဟာ မောမောပန်းပန်း
ဖြင့် မျက်နှာကို လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်သပ်
လိုက်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည့်အခိုက်၊
အဖြူရောင်နှင်းပွင့်များနှင့်အတူ တဖွဲဖွဲကျဆင်းနေ
သော မိုးဖွဲလေးများကို တွေ့လိုက်ရသည်။

[T/N: ယင်နာရီ (寅时) = 3-5 AM ]

"ထမင်းချက်ဆောင်က မီးဖိုကို မီးမွှေးထားကြ!"

ချန်ယန်က သူ၏ ဘယ်ဘက်နှင့်ညာဘက်ရှိ လူများ
ကို ဆက်၍ ညွှန်ကြားသည်။

"ပြီးတော့ အအေးမိဖျားနာပျောက်တဲ့ ဆေးကို ပူပူ
နွေးနွေးဖြစ်နေအောင် နွှေးထားပြီး၊ ဂျင်းစွတ်ပြုတ်
ကို ပြင်ထားဖို့လည်း မမေ့ကြနဲ့!အရှင်နဲ့ ခုံရုံးလူကြီး
မင်းရဲ့ ဝတ်ရုံတွေကို မင်းတို့တွေ ရေနွေးငွေ့စိမ်လို့
ပြီးသွားပြီမို့လား? အဲ့ဒီဝတ်ရုံတွေကို မြန်မြန်သွား
ပြီး ပို့လိုက်တော့! ဒီနေက မိုးရော၊ နှင်းရော ရော
ပြီး တပြိင်နက်ကျနေတော့...လမ်းတွေက ချော်နေ
တယ်...အဲ့ဒါကြောင့် မင်းတို့တွေ စောနက ငါပြော
တာတွေကို အရှင့်ဆီ သွားပြီး ဆက်သတဲ့ အချိန်မှာ သတိထားပြီး သွားကြ! ချော်မလဲကြစေနဲ့! အနည်း
ဆုံးတော့ မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာ
မကျစေနဲ့!"

နံနက်မိုးမသောက်ခင်မှာပင် စံအိမ်ထဲ၌ အမှုတော်
ထမ်းရသော လူများသည် သူတို့၏ အလုပ်များကို
ပြီးစီးအောင် လုပ်ပြီးသွားကြသဖြင့်၊ ချန်ယန်သည်
ထီးတစ်ချောင်းကို ဆောင်းကာ ထမင်းချက်ဆောင်
ထဲသို့ သွား၍ နံနက်စာအတွက် မည်သည့်အစားအ
စာများကို ပြင်ဆင်ထားကြောင်းကို စစ်ဆေးခဲ့ရာ၊
ထမင်းချက်က ချန်ယန်အား မြင်လျှင်မြင်ချင်း၊ သူ
၏ ကူးဖော်လှောင်ဖက်အား ထမင်းဘူးများ သွား
ရောက်၍ ယူခိုင်းလိုက်သည်။

"မနေ့ညတုန်းက ခုံရုံးလူကြီးမင်း နေမကောင်းဖြစ်
နေတယ်လို့ ကျုပ် ကြားမိသေးတယ်...အဲ့ဒါကြောင့်
‌သူ့အတွက် ငါးဟင်းရည်ချိုရယ်၊ ဆန်ပြုတ်ရယ်၊
ပြီးတော့ အ‌စာကြေလွယ်တဲ့ အရံဟင်းတစ်ချို့ အ
ပြင် ပျားရည်စိမ်မုန့်ကိုလည်း လုပ်ပေးထား‌သေး
တယ်..."

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now