Chapter 76:(ပိုက်ကွန်ဖြန့်ကျက်ရန်အလို့ငှာ)

1.6K 217 32
                                    

[Unicode]
         - ပိုက်ကွန်ဖြန့်ကျက်ရန်အလို့ငှာ -

ညချမ်းအခါ၌ သည်းထန်စွာ ရွာသွန်းသော မိုးသည် ရပ်စဲသွားခဲ့ပြီ ဖြစ်သည့်တိုင်၊ လူနှစ်ယောက်အကြားမှ ရမ္မက်သွေးကြွယ်သည့် စိုထိုင်းမှုများကမူ ယခုထိတိုင် ကျန်ရှိနေဆဲပင် ဖြစ်ပြီး၊ အသစ်ပြန်လည် ပြုပြင်ထားသော
ဖုန်းတောင်တန်းရှိ သေးငယ်သော ရေပူစမ်းလေးမှာ သူတို့နှစ်ယောက်အတွက် ပြီးပြည့်စုံနေလှ၏။

ရှောင်းချီရယ်သည်ကား သူ၏ ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားလျက်၊ လောင့်ထောင်ရွှယ်ကျင်းနှင့် လင်းယုန်ငှက်တို့အား အ‌စာကျွေးနေရင်းမှ၊ သစ်ရွက်လေးများပေါ်မှ အောက်သို့ တတောက်တောက် စီးကျနေသော ရေစက်လေးများ၏ အသံကို နားထောင်နေခဲ့သည်။ တောင်တန်းတစ်ခွင်လုံး တိတ်ဆိတ်မှုကြီး ကြီးစိုးနေခဲ့ရာ၊ ၎င်းသည် မောင်ဝ်နာရီ*၏ သုံးပုံတစ်ပုံသို့ ရောက်ရှိနေသည်ဆိုသည်ကို လှစ်ဟပြနေလျက်ရှိပြီး၊ အေးမြသော လေပြေလေညှင်းတို့သည် အင်္ကျီအရှေ့ပိုင်းအား  ဖွင့်ဟထားသော ရှောင်းချီရယ်၏ ရင်ဘက်ဆီသို့ စုပြုံ၍ တိုးဝင်နေကြသည်။ အစောပိုင်း နွေဦးရာသီ၏ အအေးဓာတ်သည် ရှောင်းချီရယ်၏ သွေးသားလှုံ့ဆော်မှုများနှင့် လွန်ခဲ့သည့် ညက ရရှိ‌ခဲ့သော စိတ်လှုပ်ရှားမှုများကို ပြေလျော့စေသည့်အပြင်၊ သူ့အား သေရည်အမူးလည်း ပြေပျောက်စေသော်ငြား၊ ၎င်းဟာ ရှောင်းချီရယ်၏ စွဲလမ်းတပ်မက်မှုများကိုမူ လုံးလုံးလျားလျား မချိုးနှိမ်နိုင်ဘဲ၊ သူ၏ လိုအင်ဆန္ဒများအား သာ၍ပင် ပေါက်ဖွားလာစေကာ၊ သူ့အား သိမ်မွေ့မှုနှင့် ဇိမ်ကျမှုများကြားထဲတွင် ပို၍ပင် ပျော်ပိုက်စေတော့၏။

[T/N: မောင်ဝ်နာရီ = 5-7 AM. ]

၎င်းကား လိုအင်ဆန္ဒများ၌ မွေ့လျော်ခြင်းမှ ရရှိသော သာယာမှုပင်။

ရှောင်းချီရယ်သည် လောင့်ထောင်ရွှယ်ကျင်း၏ ကျောကုန်းပေါ်မှ မြင်းကုန်းနှီးအား ဖယ်ရှားလိုက်ပြီး၊ လင်းယုန်ငှက်လေး မုန်အား အရိပ်အခြေပြလိုက်ရာ၊ ထိုလင်းယုန်ငှက်လေး မုန်သည် သူ၏ တောင်ပံများကို ဖြန့်ကျက်၍ အမိုးအစွန်းပေါ်မှ တောအုပ်ထဲသို့ အလိုက်သိစွာ ပျံသန်းသွားခဲ့လေ၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now