Chapter 80:(မင်းအတွက် တင်တောင်းငွေ)

1.7K 212 14
                                    

[Unicode]
       -  မင်းအတွက် တင်တောင်းငွေ -

သူတို့နှစ်ယောက်အဖို့ တားမြစ်ထားသော သစ်သီး၏ အရသာကို မြည်းစမ်းကြည့်မိသကဲ့သို့ ဤနမ်းရှိုက်ခြင်းသည် အချိန်တွေ ကြာညောင်းလွန်းလှပြီး၊ သူတို့နှစ်ဦးအတွက် ဤမျှနှင့် မရောင့်ရဲမတင်းတိမ်နိုင်သည့် လိုအင်ဆန္ဒများကို ပိုမိုနှိုးဆွပေးနေလျက် ရှိသည်။ သူတို့သည် အမှောင်ထုထဲ၌ တစ်ဦး၏ ကန့်သက်ချက်ကို တစ်ဦး စမ်းသပ်နေကြလျက်။ ‌သူတို့၏ ချစ်ခြင်းမေတ္တာများ မူလကထက် ပို၍ နက်ရှိုင်းလာသည်နှင့်အမျှ၊ အနမ်းလေးတစ်ခုတည်းဖြင့် သူတို့နှစ်ဦး၏ သွေးသားဆာလောင်မှုများကို ပြေပျောက်အောင် မဖြည့်ဆည်းနိုင်တော့ပေ။

လိုအင်ဆန္ဒဟူသည် အရိုးရှင်းဆုံး ဖွင့်ချရန် လိုအပ်သော သွေးသားဆန္ဒတစ်ခုပင်။

အဆုံးမရှိ ချိုမြိန်မှုများနှင့်၊ တစ်ယောက်နှင့်တစ်ယောက် သာယာစွာ ပွေ့ဖက်မှုများသည် ချစ်သူတို့၏ ထူးခြားသော ခံစားမှုဝိသေသတို့ ဖြစ်ပြီး၊ အကြောင်းမှာ တစ်ယောက်နှင့် တစ်ယောက် တစ်ချိန်လုံး အဖော်ပြုပေးနေရခြင်းသည် ချစ်ရသူနှစ်ဦး၏ ဘဝတွင် ပျော်ရွှင်စရာ အကောင်းဆုံး အချိန်များ ဖြစ်သောကြောင့်ပင် ဖြစ်ပေ၏။

သို့သော်လည်း တော်ဝင်အကျဉ်းထောင်ထဲတွင် မျက်လုံးနှင့် နားများစွာ ရှိနေသဖြင့်၊ ဤအနမ်းတစ်ခုကိုပင်လျှင် သူတို့နှစ်ဦး၏ ကြားထဲရှိ ကြည်နူးစရာတစ်ခုဟု ယူဆရပေလိမ့်မည်။

ရှောင်းချီရယ်သည် နမ်းရှိုက်ခြင်းကို ရပ်တန့်လိုက်ပြီး၊ ရှန်ဇယ်ချွမ်းအား အက်ကွဲနေသော အသံဖြင့် စတင်၍ အမေးစကားပြုလိုက်၏။

"မင်း ဘယ်ကနေ ပြန်လာခဲ့တာလဲ..?"

ရှန်ဇယ်ချွမ်းသည် သက်သောင့်သက်သာဖြစ်စေရန် အနည်းငယ် ပြောင်းလဲ၍ ထိုင်လိုက်ပြီး၊ အသက်ကို ဖြည်းညှင်းစွာ ရှူလျက်၊ တစ်ဖက်သားအား ဆွဲဆောင်နိုင်သည့် စွဲမတ်စရာ ကောင်းသော အကြည့်တို့ဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။

"ငွေတွေရေတွက်ပြီး ပြန်လာခဲ့တာလေ.."

ရှောင်းချီရယ်သည် အသံထွက်၍ ရယ်မောလိုက်ပြီး၊ ရှန်ဇယ်ချွမ်းအား ခပ်တင်းတင်းလေး ဖျစ်ညှစ်ပစ်လိုက်ကာ -

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now