Chapter 71:(လှည့်ကွက်)

1.1K 199 18
                                    

[Unicode]
                 - လှည့်ကွက် -

လေထုအခြေအနေသည် လွန်စွာ တင်းမာနေလျက်။ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသည့် အသံကိုပင် မ
ကြားရတော့လောက်အောင် တိတ်ဆိတ်လို့ နေ၏။

ရှီးဟုန်ရွှမ်းသည် ဤကဲ့သို့ တင်းမာနေသော အခြေ
အနေတွင် ကုလားထိုင်လက်ရန်းပေါ်၌ သူ၏ လက်
တစ်ဖက်ကို အားပြုတင်ထားလျက် ၊ ဒေါသတကြီး
ဖြင့် ဆိုလိုက်သည်။

"မဟုတ်မမှန် စကားတွေ ပြောပြီး ၊ အမှန်တရားကို
ဖုံးကွယ်ဖို့ ကြိုးစားနေတယ်.... မင်းက အခု ထောင်
ချောက်ထဲကို ကျနေပြီ.... ရှန်ဇယ်ချွမ်း , ငါ မင်းကို
တကယ် မသတ်ရဲဘူးထင်နေတာလား?"

"ကျွန်တော့်လည်ပင်းပေါ်မှာ ဓားတောင် မိုးထားပြီး
ပြီပဲ..."

ရှန်ဇယ်ချွမ်းသည် သူ၏ ဦးခေါင်းကို ဘေးဘက်သို့
လှည့်လျက် ဓားအား အေးစက်စက်တစ်ချက်ကြည့်
လိုက်ပြီး ဆက်ပြောသည်။

"သခင်လေးအနေနဲ့ သခင်လေးရဲ့ သက်တော်စောင့်
ကို အမိန့်ပေးပြီး ကျွန်တော့်ရဲ့ ဦးခေါင်းကို ဖြုတ်ချ
ခိုင်းလိုက်တော့တာ ပိုကောင်းတယ်....အဲ့လိုမှမဟုတ်
ရင်...."

ရှီးဟုန်ရွှမ်းမှာ ရှန်ဇယ်ချွမ်းအား  အနည်းငယ်မျှပင်
အလျော့မပေးရဲရာ ၊ ဤကဲ့သို့နှစ်ဦးသား ထိပ်တိုက်
ရင်ဆိုင်တွေ့ရချိန်၌ ၊ သူသည် ရှန်ဇယ်ချွမ်း၏ မျက်
နှာထက်မှ မျက်နှာအမူအရာ တစ်ခုချင်းစီတိုင်းအား
လွတ်ထွက်သွားမည်ကို အလွန်အမင်း စိုးရိမ်နေ၏။ သူ့အနေဖြင့် ကုလားထိုင်ပေါ်တွင် မြဲမြဲမြံမြံ ထိုင်နေ
ခဲ့သော်လည်း၊ သူဟာ မတ်တတ်ရပ်နေသောရှန်ဇယ်
ချွမ်းထက်ပင် ပို၍ စိတ်လှုပ်ရှားနေသေးပြီး၊ ရှန်ဇယ်
ချွမ်း၏ လွမ်းမိုးမှုအား မခံရအောင် သူ့ကိုယ်သူ ပို၍
သတိပေးလေလေ၊ ရှန်ဇယ်ချွမ်း၏ မျက်ဝန်းများထဲ
ရှိ အရိပ်အယောင်များနှင့် ရှန်ဇယ်ချွမ်း၏နှုတ်မှပြော
လိုက်သော လေသံများသည် သူ့အား ကယောက်က
ယက်ဖြစ်‌အောင် ပို၍ပင် တွန်းအားပေးသလိုလို ဖြစ်
နေတော့သည်။

"မင်းသာ တွေးကြည့်တတ်မယ်ဆိုရင်၊ ငါတို့တွေက
တစ်ယောက်နဲ့တစ်ယောက် ညီနောင်တွေလို့ ပြောလို့
ရတယ်...."

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now