Chapter 67:(ခေါင်းအုံးတစ်အုံးအား အတူတကွ မျှသုံးခြင်း)

1.8K 258 33
                                    

[Unicode]
-ခေါင်းအုံးတစ်အုံးအား အတူတကွ မျှသုံးခြင်း-

ရှန်ဇယ်ချွမ်းသည် အနည်းငယ် မှိုင်တွေတွေ ဖြစ်နေ
သော်လည်း၊ သူ၏လက်ဖဝါးအား ရှောင်းချီရယ်က
မုတ်ဆိတ်မွေးခပ်ပါးပါးဖြင့် ပွတ်တိုက်လာသောအခါ ယားကျိကျိ ခံစားလာရတော့၏။ ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်အား ခပ်တွေတွေ စိုက်ကြည့်ကာ ဆို
လိုက်သည်။

".....ယားကျိကျိနဲ့!"

ရှောင်းချီရယ်မှာ ရှန်ဇယ်ချွမ်း၏ စကားကြောင့် သ
ဘောတကျ ပြုံးလိုက်မိသည်။

"ငါ့ကို ထိရတာ သက်သောင့်သက်သာ မခံစားရဘူး
လား?"

ရှောင်းချီရယ်က ညှင်သာစွာ မေးလိုက်သည်။

ရှန်ဇယ်ချွမ်းက ပြုံးလျက်-

"ခံစားရသားပဲ!"

ယခုအခါတွင် ယောက်ျားပျိုနှစ်ယောက်၏ ကြားထဲ
၌ အကွာအဝေးအနည်းငယ် ရှိနေသော်လည်း၊ သူတို့
နှစ်ဦး၏အပြုအမူများမှာ သူတို့ကြားထဲ၌မည်သည့်
အကွာအဝေးမှ မရှိသည့်အလား။ရှောင်းချီရယ်ကား
ဤရက်များအတွင်း သူ့ကိုယ်သူ သန့်သန့်ရှင်းရှင်းနေ
ထိုင်ရန် အချိန်သိပ်မရခဲ့သဖြင့်၊ သူ၏ တစ်ကိုယ်လုံး
မှာ ညစ်ပတ်ပေရေနေလျက်၊ သူဟာ ယခုအခါ၌ ရှန်
ဇယ်ချွမ်း၏ အနားသို့ တိုး၍ အနှီးလူ၏ သဘောအ
တိုင်း စိတ်ကြိုက်ထိကိုင်ခွင့်ပြုထားရင်း သူ၏ကပေ
ကရေ ဖြစ်နေသော အခြေအနေကို မေ့လျော့လို့ နေ
၏။

ဘုရားကျောင်း၏ အပြင်ဘက်တွင်မူ ချန်ယန်သည်
တံခါးပေါက်တွင် တပ်ဆင်ထားသော လိုက်ကာစကို
ဆုပ်ကိုင်လျက်၊ ချီတုံချတုံ ဖြစ်နေသည်။ အချိန်ကျ
လာပြီ ဖြစ်သဖြင့်၊ ချန်ယန်ဟာ အခြားလူများအား
အထဲသို့ ဝင်ခွင့်ပြုချင်သော်လည်း၊ ရှောင်းချီရယ်ထံ
မှ ခွင့်ပြုချက်မရထားသောကြောင့်၊ အပေါက်ဝ,မှာ
ပင် တစ်နေပြီး၊ သူတို့မှာ ကောင်းကင်ကို တစ်မျိုး၊ မဟာပထဝီမြေကြီးကိုတစ်ဖုံ ဟိုဟိုသည်သည်မျက်
စိကစားကြည့်နေရုံမှ လွဲ၍ တခြားဘာမှ မတတ်နိုင်
ခဲ့ချေ။

"တကယ် ခံစားရတာ ကောင်းရဲ့လား?"

ရှောင်းချီရယ်က ကူကယ်ရာမဲ့စွာဖြင့် ရယ်မောကာ
မေးလိုက်၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now