Chapter 63:(အဆုံးစွန်ထိ တူးဖော်ခြင်း)

1.3K 242 22
                                    

[Unicode]
        - အဆုံးစွန်ထိ တူးဖော်ခြင်း -

ရှီးဟုန်ရွှမ်းသည် ရေထဲမှ လွတ်မြောက်သည်နှင့် တ
ပြိုင်နက်၊ သူ၏ ပါးစပ်ထဲမှ ရေများကို အန်ထုတ်ပစ်
လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အအေး
ဒဏ်ကြောင့် တုန်တုန်ယင်ယင် ဖြစ်လို့ နေပြီး၊ သူ၏
မျက်နှာတစ်ခုလုံးမှာလည်း အသွေးအရောင်ကင်းမဲ့
လို့နေ၏။ ထိုအခိုက် သူတို့၏ နောက်မှ ဟန်ကျင့်က အခြေအနေသိပ်မဟန်ပုံကို သတိထားမိသွားသဖြင့်၊
ရှေ့သို့ အလျင်စလိုလှမ်းလာပြီး၊ သူတို့နှစ်ဦးလုံးကို တားဆီးလိုက်သောအခါမှသာ ရှောင်းချီရယ်က ရှီး
ဟုန်ရွှမ်းအား ဆုပ်ကိုင်ထားသော သူ၏ လက်ကို လွှတ်လိုက်ပြီး၊ ထိုလူ့အား ဝေါယာဉ်ပေါ်သို့ မ,တင်
လိုက်သည့်အချိန်ထိ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။

မိုးက အဆက်မပြတ် ‌ရွာနေလျက်၊ အရာရှိ ကြီးငယ်
များသည် လီကျန့်ဟန်၏ ဝေါယာဉ်နောက်မှ နန်း
တော်သို့သွားရာ လမ်းတစ်လျောက်လုံး ငိုကြွေးရင်း
လိုက်လာကြပြီး၊ ထိုအထဲမှ လူအိုကြီး ဖန်းရှန်ကျယ်
မှာလည်း ဝေါယာဉ်နောက်သို့ သူ၏ ဖိနပ်ကျွတ်ကျန်
ခဲ့မတတ် ပြေးလိုက်လို့ နေကာ၊ ရှိုတ်ကြီးတငင် ငို
ကြွေးနေရင်း၊ သူဟာ 'အရှင်မင်းကြီး'ဟု ခေါ်ဆိုဖို့
ကိုလည်း မမေ့လျော့ခဲ့ချေ။ သူ၏ ပတ်ပတ်လည်မှ လူများသည်လည်း ဖန်းရှန်ကျယ်နှင့် ထူးမခြားနား
ပင်။ ဟိုင်လျှန်ယီတစ်ယောက်သာလျှင် နန်းတော်သို့
ပြန်ရာ လမ်းတစ်လျောက်လုံး ဝေါယာဉ်နောက်မှ တည်ငြိမ်အေးဆေးစွာ လိုက်လာခဲ့သည်။

သို့နှင့် နန်းတော်ထဲ၌ အချိန်‌တွေ အကြာကြီး စောင့်
ဆိုင်းနေခဲ့ရသော တော်ဝင်သမားတော်သည် ဖရိုဖရဲ
နှင့် ထိတ်ထိတ်ပျာပျာဖြစ်နေသော လူတန်းရှည်ကြီး
ရောက်လာသည်ကို မြင်သောအခါ၊ သူဟာ ရှေ့သို့
အလျင်စလို ထွက်၍ ကြိုဆိုခဲ့ပြီး၊ လီကျန့်ဟန်အား
အတွင်းနန်းတော်ထဲသို့ ခေါ်ဆောင်သွားသည်။ လှပ
စွာ ဝတ်စားထားသော မုရူသည် ထိုနန်းဆောင်ထဲသို့ လီကျန့်ဟန်ဝင်လာသည်နှင့်တပြိုင်နက် လီကျန့်ဟန်
အား ချက်ချင်း ထွက်၍ ကြိုဆိုခဲ့ပြီး၊ သွေး အလိမ်း
လိမ်းဖြစ်‌နေသော လီကျန့်ဟန်ကို မြင်သောအခါ သူ
မ၏ လှပသော မျက်နှာထက်တွင် မျက်ရည်များ တ
ဖြည်းဖြည်း ကျဆင်းလာတော့၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now