Chapter 9:(ရာထူးတိုးမြှင့်ခြင်း)

2.4K 402 14
                                    

[Unicode]
          - ရာထူးတိုးမြှင့်ခြင်း -

နှစ်တစ်နှစ်၏ နောက်ဆုံးကာလဖြစ်သည်နှင့်
အညီ ချွိတူး၏ လမ်းမများထက်တွင် ဖြတ်
သန်းသွားလာသူတို့မှာ အနက်ရောင်ရွှေစက္ကူ
တို့ဖြင့် ရက်လုက်ထားသော 'နောင့်အယ်'*
ကို ဝတ်ဆင်ထားကြသည်။ နွေးဦးပွဲတော်
နီးကပ်လာသည်နှင့်အမျှ သာမန်ပြည်သူတို့
မှာ အစာသွပ်မုန့်များကို ပြင်ဆင်ပြီး အိမ်တွင် ချက်ပြုတ်စားရန်အလို့ငှာ ကြိုးပမ်းလျက်
ရှိကြ၏။နန်းတော်ကမူ လွန်ခဲ့သော လဝက်
ခန့်ကပင် 'အရာရှိတစ်‌သောင်းဧည့်ခံပွဲ'အတွက်
လိုအပ်သော ပစ္စည်းများကို ကြိုတင်၍
ရှာဖွေထားပြီးသားပင်။ ဒီကာလတစ်လျောက်
လုံး...ဖျော်ဖြေရေးရုံးတော်မှ လူတိုင်းလိုလို
သည် လက်,မလည်တမ်း အလုပ်ရှုပ်နေသော်
လည်း မိန်းမစိုးများမှာမူ အခုချိန်ထိ အမြတ်
ကြီးထုတ်နေကြဆဲဖြစ်၏။

[T/N: နောင့်အယ် (闹蛾) ဆိုတာက
အနက်ရောင်‌ရွှေစက္ကူ ဒါမှမဟုတ် ပိုးသားနဲ့
ပြုလုပ်ထားတဲ့ ပန်းပွင့်ပုံစံ၊ အင်းဆက်ပုံစံ
ဦးခေါင်းအဆင်တန်ဆာတစ်မျိုးပါ။ ]

ရှောင်းချီရယ်သည် စာရွက်ကို တရွှမ်းရွှမ်း
မြည်အောင် လှန်လိုက်ပြီး ပြောလာ၏။

"အဲ့ဒီအပြင်က အရာရှိတွေ မြို့တော်ထဲကို
ဝင်လာရင်...မြို့တော်ထဲက အရာရှိတွေကို
သေချာပေါက် 'ပင်းကျင့်'အရိုအသေ,လာ
ပေးရမှာပဲ။ ဒါပေမဲ့ ဖန်းရူကွေ့က အထင်ကြီး
စရာကောင်းအောင်ကို စာရင်းပြုစုထားပြီး
ပြီ။ သူ့ရဲ့ စာရင်းအတိုင်း အသပြာထုတ်ပေးမှ
သူတို့တွေ ငြိမ်းငြိမ်းချမ်းချမ်းထွက်သွားလို့
ရမှာ။"

[T/N: ပင်းကျင့် = ice respect,
နွေရာသီမှာ မြို့တော်အပြင်က အရာရှိ
တွေက မြို့တော်ထဲက အရာရှိတွေကို
တံစို့လက်ဆောင် ဆက်သတာ...ဂါဝရပြု
တာကို ခေါ်တာပါ။]

"ပြီးတော့ ဒါတွေက နှစ်,စမှာ မဆိုစလောက်
ပြောင်းလဲရုံလေးပါ။"

လုကွမ်ပိုင်က လက်ဖက်ရည်ပေါ်မှ အမြှုပ်
များကို ဘေးသို့ဖယ်ရှားလိုက်ရင်း-

"ငါ မင်းကို တွေးစရာတစ်လောက် ပေးရဦး
မယ်။ ဖန်းရူကွေ့ရဲ့လက်အောက်က မိန်းမစိုး
ငယ်ရရှိတဲ့ တစ်နှစ်စာ လစာက...နယ်စပ်စစ်
တပ်တစ်ခုက အစောင့်စစ်သည်တစ်ယောက်ရဲ့
နှစ်,နှစ်စာ လစာထက်တောင် ပိုများသေးတယ်။
တာ့ကျိုးက နှစ်တိုင်းစစ်တပ်တွေကို အသုံးပြု
လေ့ရှိတော့ အဲ့လိုအချိန်ရောက်တိုင်း
ဘဏ္ဍာရေးဌာနက ငါတို့ကို ချော့မော့ပြီး
တပ်ဖြန့်ခိုင်းတယ်။ စစ်ပွဲပြီးလို့....ငါတို့ရဲ့
လစာတွေကိုသာ သွားတောင်းမိရင် ငါတို့က
မျိုးမစစ်ကောင်တွေ လုံးလုံးဖြစ်သွားရော။"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now