Chapter 18:(မြည်းကင်)

1.7K 382 96
                                    

[Unicode]
         - မြည်းကင် -

Warning: Animal Abuse in
this chapter. If it's a trigger for
you, please don't read. ❌

စစ်ရေးလေ့ကျင့်ကွင်းကိစ္စနှင့်ပတ်သတ်ပြီး ကျိလေ
ထံမှ နောက်ဆုံးသဘောတူညီကြောင်း တုံ့ပြန်ချက်
မရခင်အထိ၊ ရှောင်းချီရယ်မှာ လဝက်ကြာအောင်
ဆိတ်ငြိမ်အေးချမ်းသော အချိန်များကို ပိုင်ဆိုင်ထား
ခဲ့သည်။သို့သော် ယခုအခါ၌မူသူသည် ထိုနေရာအား တစ်ချက်ကြည့်ရန် ချက်ချင်းလက်ငင်းဆိုသလိုပင်
ချန်ယန်နှင့်အတူ မြို့တော်အပြင်သို့ ထွက်သွားတော့
သည်။

ထိုနေရာသည်ကား မူလက သင်္ချိုင်းမြေတည်ထား
သည့် တောရိုင်းမြေအစိတ်အပိုင်းတစ်ခုပင်။ အပြစ်
သားများကို ‌ကွပ်မျက်သည့်အခါတွင် သုံးလေ့ရှိ
သော စင်မြင့်ကလည်း နောက်ပိုင်းတွင် အဝေးသို့
ပြောင်းရွှေ့သွားသည့်အတွက် ဒီနေရာသည် ဗလာ
ကျင်းကျန်နေခဲ့၏။

"ဒီနေရာနဲ့ မြို့တော်ကြားမှာ ဖုန်းတောင်ကုန်းလေး
တစ်ခုပဲ ခြားပေမဲ့...."

ချန်ယန်က မြင်းပေါ်မှ ဆင်းကာ၊ အကျယ်အဝန်းကို အကဲခတ်ရင်း ဆက်ပြောလာသည်။

"...အတော်လေး ဝေးနေတုန်းပဲ။"

"ဒီကိုရောက်ဖို့ မိုးမလင်းခင် သုံးနာရီလောက်ပဲ....
မြင်းစီးရမှာ။"

ရှောင်းချီရယ်ဟာ မြင်းကျာပွတ်ဖြင့် ထိုကွင်း၏ အဆုံးတစ်နေရာအား ညွှန်ပြလျက်-

"ငါတို့တွေ...တစ်ချို့ပစ္စည်း‌တွေကို လွယ်လွယ်နဲ့ သုံးလို့ရအောင် အလုပ်ဌာနက ဉာဏ်နီဉာဏ်များတဲ့ အဖိုးကြီးတွေကို စားကောင်းသောက်ကောင်းလေး
ပြုစုထားရမယ်..ဒါမှလည်း ‌အဲ့ဘက်အခြမ်းကို ပြန်ဖြည့်နိုင်မှာ...အဲ့ဒါကို နည်းနည်းပါးပါးပြုပြင်ပြီး၊ လောလောဆယ်တော့ ဒီအတိုင်းလေးပဲ ဖြစ်သလို
နေကြတာပေါ့။ ဒီနေရာကဝေးလွန်းတော့ မဟာ
လေ့ကျင့်ရေးဌာနက လှည့်ကင်းတွေလည်း တော်ရုံ
နဲ့ ဒီကို ရောက်မှာ မဟုတ်ဘူး။"

"အကြီးအကဲ၊ သူတို့အတွက် အသပြာတွေ သုံးစွဲဖို့
ဆိုရင်ကျ...."

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now