Chapter 42:Part 1(အနီ‌ရောင် မေဟွားပန်းပွင့်များ)

2.1K 367 36
                                    

[Unicode]
      - အနီ‌ရောင် မေဟွားပန်းပွင့်များ -

ရှောင်းချီရယ်သည် အရာရှိဧည့်ခံပွဲမတိုင်မီ သူ၏ရှစ်
ဖူးနှင့် ကျိကန်းတို့ တွေ့ဆုံရန် ရက်တစ်ရက်ကို တိတိ
ကျကျသတ်မှတ်လိုက်ပြီး ချန်ယန်အား ရှန်ဇယ်ချွမ်း
ထံသို့ သွားရောက်၍ ဖိတ်ကြားလွှာပို့ခိုင်းလိုက်သည်
။ သို့ရာတွင် ရှောင်းချီရယ်၏အမိန့်အတိုင်း၊ ရှန်ဇယ်
ချွမ်းထံသို့ ချန်ယန်သွားရောက်၍ ဖိတ်ကြားလွှာပို့
သောအခါ ကောချင်းချင်းကသာ ထွက်၍ ထိုဖိတ်
ကြားလွှာကို လက်ခံလေ၏ ။

"လန်ကျိုးက အခုတလော ဧကရာဇ်ရဲ့ ရှေ့မှောက်
မှာ တာဝန်ထမ်းဆောင်နေရတော့ အားလပ်တဲ့ အ
ချိန်ရယ်လို့ သိပ်မရှိဘူး..အဲ့ဒါကြောင့် ငါ သူ့အစား
ဒါကို လာပြီးလက်ခံတာ!"

ကောချင်းချင်းသည် ပြောပြောဆိုဆိုနှင့် ဖိတ်ကြား
လွှာအား ချန်ယန်၏လက်ထဲမှ လွှဲပြောင်းယူလိုက်
ပြီး၊ ချန်ယန်အား နှုတ်ဆက်စကားဆိုလိုက်သည် ။

"အခုချိန်မှာ တော်ဝင်စစ်တပ်က အာဏာရနေတော့
..လက်ထောက်စစ်သူကြီး ချန်လည်း အလုပ်များ
နေမှာပဲ!"

ချန်ယန်က ရိုရိုသေသေ ပြန်ဖြေလိုက်သည် ။

"ဘုရင်ခံချုပ်က အရာရှိအခမ်းအနားအတွက် ကြိုး
ကြိုးစားစား‌လုပ်နေတာ...အဲ့ဒီတော့ သူ့နောက်ကို
လိုက်ပြီး သူ့ကို ခစားနေတဲ့ ကျွန်တော်တို့တွေလည်း
ဘယ်အလုပ်မရှုပ်ဘဲ နေပါ့မယ်ဗျာ!"

ချန်ယန်သည် လက်ဖက်ရည်တစ်ကျိုက် သောက်
လိုက်ပြီးမှ ဆက်ပြောလိုက်၏ ။

"ဒါနဲ့ စကားမစပ် , ကောရှုန်းက ဒီတစ်ခေါက် ခုံရုံး
အရာရှိအဖြစ်တောင် ရာထူးတိုးခံလိုက်ရတယ်ဆို
တော့ ကံဇာတာတွေ တက်နေပါလား! ခင်ဗျားရဲ့
အနာဂတ်ကတော့ အတော်လေးတောက်ပနေပါပြီ!
ခင်ဗျားက တကယ့်ကို အထင်ကြီး လေးစားစရာ
ကောင်းတာပဲ!"

သို့နှင့် ကောချင်းချင်းနှင့် ချန်ယန်တို့နှစ်ဦးသားသည်
တစ်ယောက်နှင့်တစ်ယောက် စကားကို ဖော်ဖော်
ရွေရွေပြောရင်း ယဉ်ကျေးပျူငှာဟန် ဆောင်နေ
ကြပြီး ၊ မျက်နှာမပျက်ရအောင် ကြိုးပမ်းနေကြ
၏။ ယခုအခါ၌ တော်ဝင်ကိုယ်ရံတော်တပ်နှင့်
တော်ဝင်စစ်တပ်တို့အကြားတွင် ပဋိပက္ခများ ပို၍
များပြားလာသဖြင့်၊ တပ်နှစ်ခုဟာ တစ်တပ်နှင့်တစ်
တပ် မညီညွတ်‌တော့ဘဲ၊ တစ်ဖက်နှင့်တစ်ဖက် အ
မြင်စောင်းနေကြရာ ချန်ယန် နှင့် ကောချင်းချင်း
သည်လည်း တစ်ယောက်ကိုတစ်ယောက် အောင့်
အီးသည်းခံ၍ စကားပြောနေကြရ၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now