Chapter 58:(ပြင်းထန်စွာ ကျဆင်းသော နှင်း)

1.4K 263 80
                                    

[Unicode]
    - ပြင်းထန်စွာ ကျဆင်းသော နှင်း -

ဖြူလွလွနှင်းများသည် ရက်ပေါင်းများစွာ တဖွဲဖွဲကျ
ဆင်းနေခဲ့ပြီး၊ လုပ်ကြံသည့်အမှုအား အဆော တ
လျင် ဖြေရှင်းပြီးသည်နှင့်တပြိုင်နက်၊ အစောပိုင်း
က ဖြစ်ပေါ်ခဲ့သော ပဋိပက္ခလှိုင်းလုံးများသည် နှင်း
မုန်တိုင်းအောက်တွင် အလိုလျောက် နစ်မြှုပ်သွား
ကာ၊ အဖြူရောင် နှင်းခဲထုပြင်ကြီးမှတစ်ပါး မည်
သည့်အရာမှ မကျန်ခဲ့တော့ချေ။ ထိုခဏ၌ လီကျန့်
ဟန်သည် ရှောင်းချီရယ် နေမကောင်းဖြစ်နေသည့်
အကြောင်းကို ကြားသိလိုက်ရသည်။

လူပြောသူပြောစကားများအရ ရှောင်းချီရယ်သည်
‌အအေးမိနေသော်လည်း၊ ကုတင်ပေါ်တွင် ပစ်လဲပြီး
မထနိုင်သည့် အနေအထားထိ ရောက်သည်အထိ နံ
ရံကို မျက်နှာမူလျက်၊ သူ၏ အပြစ်ကိုသူ ပြန်လည်
သုံးသပ်ခဲ့သည်ဟူ၏။ သို့ဖြစ်၍ လီကျန့်ဟန်လည်း
မနေသာတော့ဘဲ၊ နောက်လိုက်နောက်ပါများကို ခြံရံ
လျက်၊ မြင်းရထားလုံးကို စီးကာ လီပေမင်းသား၏ စံအိမ်တော်သို့ ထွက်လာခဲ့သည်။ ဤအခွင့်အရေး
သည် သူနှင့်ရှောင်းချီရယ်အကြားတွင် တစ်ဖန်ပြန်၍ အပေါင်းအသင်းကောင်းများဖြစ်လာနိုင်သည့် အခွင့်
အရေးပင်။

လီကျန့်ဟန်နှင့်အတူ လိုက်ပါလာသော ဝန်ကြီးများ
သည် ရှောင်းချီရယ်အား နှုတ်ဆက်ကာ အသီးသီး
ပြန်သွားကြပြီး ဖြစ်သဖြင့်၊ ယခုအခါ၌ လီကျန့်ဟန်
တစ်ယောက်တည်းသာလျှင် ရှောင်းချီရယ်အနား
တွင် ကျန်ရစ်ခဲ့လေည်။ ရှောင်းချီရယ်၏ အသားအ
ရေမှာ အလွန် ဖြူဖျော့လို့ နေပြီး၊ သူဟာ အားအင်
ချိနဲ့နေသဖြင့်၊ လီကျန့်ဟန်နှင့်အတူ မျက်နှာချင်းဆိုင် ထိုင်နိုင်ရန် ချန်ယန်ကိုပင် ကူ၍ ထူပေးခိုင်းရသည်။

လီကျန့်ဟန်က ရှောင်းချီရယ်အား စိတ်မကောင်း
စွာ ကြည့်လျက်-

"အဲ့ဒီနေ့တုန်းက တခြားလူတွေရဲ့ မဟုတ်မမှန်ပြော
စကားတွေကို ယုံကြည်ပြီး၊ မင်းကို အပြစ်တင်ခဲ့မိ
တာ ကိုယ်တော် တကယ်ကို အရှက်ရမိတယ်!"

ရှောင်းချီရယ်က စကားပြောရန် အားယူ၍ -

"အုပ်ချုပ်သူနဲ့ သူ့ရဲ့အမတ်တွေဆိုတာ တစ်ယောက်
နဲ့ တစ်ယောက် အပြန်အလှန် မှီခိုနေရတာပါ...အဲ့ဒီ
ကိစ္စက ဖြစ်သင့်ပါတယ်...အရှင်မင်းကြီးအနေနဲ့ အဲ့
ဒီ အကြောင်းနဲ့ ပတ်သတ်ပြီး ဘာကိုမှ စိတ်ထိခိုက်
နေဖို့ မလိုပါဘူး...!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now