Chapter 44:(ညချမ်းအချိန်၌ စကားစမြည်ပြောခြင်း)

2K 359 56
                                    

[Unicode]
- ညချမ်းအချိန်၌ စကားစမြည်ပြောခြင်း -

"အဲ့ဒါလည်း ဖြစ်နိုင်တယ်!"

ရှောင်းချီရယ်သည် ရုတ်တရက် ရှန်ဇယ်ချွမ်းအား
စောင်းငဲ့၍ ကြည့်လိုက်ပြီး -

"ဒါပေမဲ့ ရှေ့တန်းခံတပ်မှာ အောင်မြင်တာပဲဖြစ်ဖြစ်၊ ကျဆုံးတာပဲဖြစ်ဖြစ်၊ အားလုံးက ရှန်ဝေ့နဲ့ တိုက်
ရိုက်ဆက်နွယ်နေတာ...!"

ရှန်ဇယ်ချွမ်းအား ကြည့်နေသော ရှောင်းချီရယ်၏
မျက်ဝန်းများထဲတွင် နူးညံ့သည့် အရိပ်အယောင်
များ တစ်စွန်းတစ်စ ထင်ဟပ်လို့ နေပြီး၊ ဤကဲ့သို့
ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းကို စောင်းငဲ့၍ ကြည့်
နေပုံသည် တစ်နည်းတစ်ဖုံအားဖြင့် ချစ်စရာကောင်း
နေပြန်၏။ အစောပိုင်းက တက်ကြွနေသော အနှီး
ရှောင်းချီရယ်၏ အမူအရာများမှာ ယခုထိတိုင် လွင့်
ပြယ်သွားခြင်း မရှိသေးဘဲ၊ မျက်ဝန်းများအထိပင်
ကူးစက်ကာ ညအခါ၌ ပျော်မြူးတတ်သော ပိုးစုန်း
ကြူးလေးများကဲ့သို့ ပို၍ပင် တလက်လက်တောက်
ပ၍ နေသေးသည်။

ရှန်ဇယ်ချွမ်းသည် ရှောင်းချီရယ်အား အတန်ကြာ
အောင် ပြန်ကြည့်နေမိပြီးမှ -

"စစ်ဦးစီးဌာနက ဒီနှစ်တွေအတွင် အမှုထမ်းပြောင်း
လဲခန့်အပ်တာမျိုး မရှိဘူး..."

"အဲ့ဒီအကြောင်းကို မင်း စုံစမ်းချင်ရင်၊ စုံးစမ်းလို့
ရတယ်.."

ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းအား သူ၏ တလက်
လက်တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်
ကာ ဆက်၍ ဆိုသည်။

"ငါ မင်းကို မတားဆီးဘူး!"

ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏ စကားကြောင့်
ရုတ်တရက် သရော်ပြုံး ပြုံးလိုက်သည်။

"ဟုတ်တာပေါ့...ခင်ဗျားက ဘယ်တားဆီးပါ့မလဲ?
ဒီကိစ္စကို ခင်ဗျားလည်း စုံစမ်းချင်နေတာပဲ!"

ရှန်ဇယ်ချွမ်းသည် သူ၏ အကြည့်များကို စာအုပ်
ထံသို့ ပြန်လွှဲလိုက်ပြီး -

"ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဟွားမျိုးနွယ်က သံသယ
ဝင်စရာ အကောင်းဆုံးဆိုပေမဲ့...ရှန်ဝေ့က အစော
ပိုင်းကတည်းက အမည်းစက်စွန်းနေတဲ့ ဓားတစ်
လက်ဖြစ်နေခဲ့တာ....သူ့ကိုသာ တကယ်ရှင်းထုတ်
ချင်ရင်၊ အလွယ်လေးပဲ! ရိုးရှင်းတဲ့ နည်းလမ်းတွေ ထောင်ချီပြီး ရှိတယ်....အဲ့လိုမဟုတ်ဘဲ...ဒီကိစ္စမှာ တခြားလူတွေရော ပါဝင်ပတ်သတ်နေတာဆိုရင်
တော့....သဲလွန်စ တစ်ခုမဟုတ်၊ တစ်ခုတော့ ကျန်
နေခဲ့မှာ သေချာတယ်..."

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now