Chapter 53:(စံအိမ်ဝင်းအား ဝင်ရောက်ရှာဖွေခြင်း)

1.2K 278 40
                                    

[Unicode]
    - စံအိမ်ဝင်းအား ဝင်ရောက်ရှာဖွေခြင်း -

ယခုအခါ၌ တော်ဝင်နန်းတော်တစ်ခုလုံး တိတ်ဆိတ်
ငြိမ်သက်လျက်ရှိသည်မှာ အပ်ကျသံပင် မကြားရ
တော့သည့်အလား။

လီကျန့်ဟန်ထံ သူ၏ အမိန့်ပြားကို ပြန်လည်အပ်နှံ
နေချိန်တွင် ရှောင်းချီရယ်၏ မျက်ဝန်းတို့မှာ မူလ
ကထက် တဖြည်းဖြည်း ပို၍ မှေးမှိန်လာ၏။

လီကျန့်ဟန်က မောဟိုက်နွမ်းလျှစွာဖြင့် အသက်ကို
ခပ်ပြင်းပြင်း ရှူလိုက်ပြီး၊ လေသံမာမာဖြင့် ကြေညာ
လိုက်သည်။

"တော်ဝင်စစ်တပ်ရဲ့ ဘုရင်ခံချုပ် ရှောင်းချီရယ်ကို
လက်ရှိရာထူးကနေ ယာယီ ဆိုင်းငံ့ထားလိုက်ပြီ...
သူ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေစဉ်အတွင်း
နေအိမ်အကျယ်ချုပ်နဲ့ နေရမယ့်အပြင်...ချွိတူးမြို့
တော်ရဲ့မြို့ပြင်နဲ့ မြို့တွင်းလှည့်ကင်းတာဝန်ကို အ
ခုချိန်ကစပြီး တော်ဝင်ကိုယ်ရံတော်တပ်နဲ့ မဟာ
လေ့ကျင့်ရေးဌာန(၈)ခုက တာဝန်ယူရမယ်..."

လူအုပ်ကြားထဲမှ ရှီးဟုန်ရွှမ်းသည် သူ၏ ဝူးရှားဦး
ထုပ်ကို အနည်းငယ် ပင့်,၍ ယခုအချိန်ထိ နှုတ်ဆိတ်
နေဆဲဖြစ်သော ရှောင်းကျိမင်အား မထုံတတ်လေး
အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ အနှီးရှောင်း
ကျိမင်မှာ သူ၏ ရှေ့မှ အဖြစ်အပျက်အား လုံးဝဂရု
မစိုက်သည့်နှယ်၊ လျစ်လျူရှုလျက် ထူးထူးခြားခြား တည်ငြိမ်နေချေ၏။

သူ လုံးဝ တည်ငြိမ်နေတယ်...!

ရှီးဟုန်ရွှမ်းသည်ကား စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိ
သည်။

သူမျှော်လင့်ထားမိသည့်အတိုင်း၊ ရှောင်းကျိမင်ဆို
သော လူကား ကိုင်တွယ်ရ,ခက်ခဲသော လူပင်။ထိုလူ
သည် ဤကဲ့သို့အကျပ်အတည်းဖြစ်နေချိန်မှာတောင် ရှောင်းချီရယ်အား ကြည့်ကာ သူ၏ တည်ငြိမ်မှုကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်သေးသည်။ သူဟာ
ထိတ်ထိတ်ပျာပျာဖြစ်နေခြင်း မရှိသကဲ့သို့ စကားထ
ပြောမည့် အစီအစဉ်လည်း မရှိ။

မနက်ခင်း ညီလာခံပြီးနောက်၊ ရှီးဟုန်ရွှမ်းနှင့် သူ၏
အပေါင်းအဖော်များသည် အုံဟွားဖျော်ဖြေရေးရုံ
တွင် သွားရောက် စုစည်းခဲ့ကြသည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now