Chapter 49:(‌အေးစက်စက် ဓားသွား)

1.4K 274 27
                                    

[Unicode]
    - အေးစက်စက် ဓားသွား -

ရှန်ဇယ်ချွမ်းသည် နန်းတော်ထဲသို့ ရှောင်းချီရယ်မဝင်
ခင်မှာပင်၊ လီကျန့်ဟန်နှင့် တွေ့ဆုံပြီး၊ အဆင့်ငါးဆင့်
ရှိသည့် တော်ဝင်ကိုယ်ရံတော်တပ်၏ ခုံရုံးအရာရှိ
ရာထူးကို လက်ခံပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ ယခု
အခါ၌ သူ၏ အမိန့်ပြားသည် မူလကနှင့် မတူတော့
ဘဲ၊ တိမ်တွေ၏ အလယ်တွင် ရှဲ့ကျစ်*အရုပ်ကို ပုံ
ဖော်ထားပြီး၊ မျက်နှာပြင်တစ်ဖက်၌ 'သက်တော်
စောင့်' ဟူသော စကားလုံးကို ထွင်းထုထားကာ၊ အ
ခြားတစ်ဖက်တွင်မူ 'ဧကရာဇ်၏ နောက်ပါအခြွေအ
ရံ'ဟူသော စကားလုံးကို လှပစွာ ရေးထိုးထားသည့် ရွှေရည်စိမ်အမိန့်ပြားတစ်ခု ဖြစ်လို့နေတော့သည်။

[T/N: ရှဲ့ကျစ် ( 獬豸) = ယူနီကွန်သတ္တဝါ။ ]

ဤတစ်ခေါက်တွင် အနည်းငယ်သာ ဆုချီးမြှင့်ခံရ
သော ဟန်ချန်သည် သူ၏ စိတ်ထဲတွင် ကျိတ်၍
မ‌ပျော်မရွှင်ဖြစ်လို့နေပြီး၊ သူ့အနေဖြင့် ရှန်ဇယ်ချွမ်း
၏ နယ်ရုပ်လေးအဖြစ် အသုံးချခြင်းခံလိုက်ရသည်
ကို သိရှိသွားသည်။ ရှန်ဇယ်ချွမ်းအနေဖြင့် ဧကရာဇ်
၏ မျက်နှာသာပေးမှုကို ရရှိသွားသော်လည်း၊ ဟန်
ချန်သည် မိမိတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို ပျက်စီးမခံနိုင်ပေ။

တော်ဝင်ကိုယ်ရံတော်ရုံးချုပ်သို့ ရှန်ဇယ်ချွမ်း ပြန်
ရောက်သောအခါ၊ သူ၏ ရဲဘော်ရဲဘက်များသည်
သူ့အား ဂုဏ်ပြုစကားပြောကြားလာသဖြင့်၊ ရှန်
ဇယ်ချွမ်းမှာ တစ်ယောက်ချင်းစီ လိုက်လံ၍ တုံ့ပြန်
စကားဆိုနေရသည်။ လူနည်းနည်းရှဲသွားသည်ကို မြင်သောအခါ၊ ဟန်ချန်က -

"မင်း...ရွှေအမိန့်ပြားကို ခါးမှာ ချိတ်ဆွဲဖူးတာ..ဒါ
က ပထမဆုံးအချိန်မဟုတ်လား...? အဲ့ဒီတော့ မင်း
နားမလည်သေးတဲ့ ကိစ္စရပ်တွေလည်း ရှိမှာပဲ...!"

ရှန်ဇယ်ချွမ်းသည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလျက် -

"မှန်ပါတယ်...အဲ့ဒါကြောင့် ကျွန်တော်မျိုး လူကြီး
မင်း ဟန်ရဲ့လမ်းညွှန်မှုကို လိုအပ်နေဆဲပါ..!"

ရှန်ဇယ်ချွမ်း၏ နှိမ့်ချ‌သော အသွင်ကို မြင်မှ ဟန်
ချန်သည် အနည်းငယ် ကျေနပ်လို့ သွား၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now