Chapter 68:(အချစ်စစ်ခင်းပွဲ)

2.5K 269 44
                                    

[Unicode]
- အချစ်စစ်ခင်းပွဲ -

"ဒါဆိုရင် ဘယ်လိုလုပ်မှ ၊ သခင်လေးက ကျွန်တော့်
ရဲ့ ထောင်ခြောက်ထဲကို ကျမှာလဲ?"

‌ရှန်ဇယ်ချွမ်း၏ မေးစေ့လေးသည် ရှောင်းချီရယ်၏ ဖျစ်ညှစ်ခြင်းကို ခံနေရလျက်။ ရှန်ဇယ်ချွမ်းသည် သူ
၏ မျက်ဝန်းများကို ကျဉ်းမြောင်းလို့ ထားရာ၊ ၎င်း
ဟာ ရှန်ဇယ်ချွမ်းအနေဖြင့် မကျေမနပ် ဖြစ်နေခြင်း
ပေလော၊ သို့တည်းမဟုတ် ကျေနပ်နေခြင်းပေလော
၊ ဝေခွဲရ ခပ်ခက်ခက်ပင်။ သို့သည်းတိုင် သူ၏ မျက်
နှာအမူအရာမှာမူ တစ်ဖက်သားအား မီးလောင်ရာ
လေပင့်နေသည့်နှယ် ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိပေ
၏။

မှိန်ဖျဖျအလင်းရောင်လေးသည်ကား ပြတင်းပေါက်
မှတစ်ဆင့် အထဲသို့ ဝင်လာနေလျက်။ ရှောင်းချီရယ်
သည် ရှန်ဇယ်ချွမ်း၏ အနားသို့ ပို၍ တိုးရင်း၊ အနှီး
လူအား သေသေချာချာ လေ့လာနေမိသည်။ သူဟာ
သူ၏ လက်တစ်ဖက်ကို မြှောက်၍ ရှန်ဇယ်ချွမ်း၏
နှုတ်ခမ်းထောင့်စွန်းအား ညှင်သာစွာ ပွတ်သပ်လိုက်
ပြီး-

"မင်းကိုယ်တိုင် ခံစားကြည့်ပေါ့!"

"...တစ်စုံတစ်ယောက်ကတော့ အပြောတခြား၊ အ
လုပ်တခြားဖြစ်နေပြီ!"

ထိုစကားပြောချိန်တွင် ရှန်ဇယ်ချွမ်း၏ နှုတ်ခမ်းတို့
သည် ဖွင့်ချည် ပိတ်ချည်ဖြစ်နေလျက်။ ရှန်ဇယ်ချွမ်း
၏ ပူနွေးစိုစွတ်‌သော အာငွေ့တို့သည် ရှောင်းချီရယ်
၏ လက်မအား ပွတ်သပ်ကျီစယ်သွားကြသည်။

"ဘယ်သူက အပြောတခြား ၊ အလုပ်တခြားဖြစ်နေ
လို့လဲ?"

ရှောင်းချီရယ်သည် သူ၏ ခန္ဓာကိုယ်အား ပို၍ ကိုင်း
လိုက်ပြီး၊ ရှန်ဇယ်ချွမ်းအား သူ၏ အောက်တွင် ဖိ
ထားလိုက်ကာ ဆက်ပြောသည်။

"ဒီဒုသခင်လေးက အရမ်းရိုးသားတာကို မင်း သိ
သင့်တယ်!"

ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်အား ခပ်တွေတွေစိုက်
ကြည့်လျက်-

"သခင်လေးက တကယ်ရိုးသားရှာပါတယ်!"

ရှန်ဇယ်ချွမ်းက သက်ပြင်းလေးချလျက် ဆက်ပြော
၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now