Chapter 59:(အချစ်ရေး၊ အချစ်ရာ ကိစ္စရပ်များ)

2.1K 290 78
                                    

[Unicode]
- အချစ်ရေး၊ အချစ်ရာ ကိစ္စရပ်များ -

ယွမ်လျှိုသည် အကျဉ်းထောင်ထဲတွင် ရုတ်တရက်
သေဆုံးသွားခဲ့သဖြင့်၊ ချန်ယန်သည် ယွမ်လျှို၏ အ
လောင်းကို ယူကာ သွားရောက်မြှုပ်နှံပေးလိုက်ရ
ပြီး၊ ရှောင်းချီရယ်၏ ဆန္ဒအတိုင်း ယွမ်လျှို၏ ဇနီး
နှင့် သားအား သန်းချန်မြို့မှ အိမ်သစ်တစ်လုံးတွင် နေရာချပေးကာ၊ ယွမ်လျှို၏ သားအတွက် ဆရာ
တစ်ယောက်ကိုပင် ငှားရမ်းပေးလိုက်ရသေးသည်။

ရှောင်းချီရယ်၏ ဖျားနာမှုသည် ချွိတူးမြို့တော်ရှိ
နှင်းခဲများ အရည်ပျော်သည့် အချိန်အထိ ကြာမြင့်ခဲ့
ပြီး၊ ကျန်းကျန်းမာမာ ဖြစ်၍၊ နံနက်ခင်း ညီလာခံသို့
သူပြန်တက်ရောက်သောအချိန်တွင် ရှီးဟုန်ရွှမ်းဟာ
အကဲဖြတ်ရေးဌာနမှ အတွင်းရေးမှူးဖြစ်လို့ နေ၏။

ယခုအခါ၌ ရှန်ဇယ်ချွမ်းသည် တော်ဝင်စစ်တပ်၏
အမိန့်ပြားအား ရှောင်းချီရယ်ထံသို့ ပြန်လည် ပေး
အပ်နေသည် ဖြစ်ရာ၊ ရှောင်းချီရယ်သည် ထိုအမိန့်
ပြားအား ယူရင်း၊ ရှန်ဇယ်ချွမ်းကို စေ့စေ့စပ်စပ်
ကြည့်လို့ နေခဲ့သည်။

"ကျေးဇူးပဲ!"

ရှောင်းချီရယ်သည် ရှန်ဇယ်ချွမ်း၏ လက်ထဲမှ အ
မိန့်ပြားကို ဆွဲယူကာ ဆက်ပြောလိုက်သည်။

"ခုံရုံးလူကြီးမင်း!"

"ကျွန်တော်က အဲ့ဒီလိုအပြောခံရဖို့ မထိုက်တန်ပါ
ဘူး!"

ရှန်ဇယ်ချွမ်း၏ လက်ချောင်းများသည် အမိန့်ပြား
အား ဆွဲထားဆဲဖြစ်သည်မှာ၊ သူဟာ ၎င်းအား လုံး
ဝ လက်မလွှတ်ချင်သည့်နှယ်။

ထို့ကြောင့် ရှောင်းချီရယ်သည် ရှန်ဇယ်ချွမ်း၏လက်
ထဲမှ အမိန့်ပြားအား ဆက်ခနဲ ဆွဲယူလိုက်ပြီး-

"ဒါကို တွယ်တာနေတာလား?"

ရှန်ဇယ်ချွမ်းက သဘောတကျ ရယ်မောလျက် -

"ဟုတ်တယ်...ဒီရက်တွေအတွင်း အဲ့ဒါကို နည်းနည်း
သဘောကျနေလို့!"

ရှောင်းချီရယ်သည် သူတို့နှစ်ဦး၏ ပတ်ပတ်လည်ရှိ
လူများအားလုံး အဝေးသို့ အသီးသီး ထွက်ခွာသွား
ကြ ပြီးမှန်း သိလိုက်သောအခါ၊ ရှန်ဇယ်ချွမ်းအား
ရွှတ်နောက်နောက် ပြုံးပြလိုက်ပြီး၊ ဆိုလိုက်၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now