Chapter 52:(ပြစ်တင်ရှုတ်ချခြင်း)

1.3K 241 17
                                    

[Unicode]
- ပြစ်တင်ရှုတ်ချခြင်း -

အပြင်ဘက်၌ အဖြူရောင် နှင်းများ တဖွဲဖွဲကျဆင်း
လာသကဲ့သို့၊ အေးစက်သော ညတာသည်လည်း တ
ဖြည်းဖြည်း ကုန်ဆုံးပေတော့မည်။

ရှန်ဇယ်ချွမ်းသည်ကား သည့်ထက်ပို၍ ဤနေရာ
တွင် ဆက်မနေနိုင်တော့။ သို့သော် သူ ထွက်ခွာခါနီး
မှာပင် ရှောင်းချီရယ်သည် သူ့ထက် အရင်ဦးအောင်
မတ်တတ်ရပ်လိုက်ပြီး၊ စင်ပေါ်မှ ခြုံထည်ကိုယူကာ၊
ရှန်ဇယ်ချွမ်းအား ပေးလိုက်၏။

"ဒီဓားကို ငါ မမြင်ဖူးပါဘူး..!"

ရှောင်းချီရယ်သည် ရှန်ဇယ်ချွမ်း၏ ယန်ရှန်းရွှယ်ဓား
ကို ကောက်ယူလိုက်မိရာ၊ ၎င်းက သူ့အတွက် ကိုင်
တွယ်ရတာ အလွန်ပေါ့နေသော်လည်း၊ အသုံးပြုလို့
ကောင်းမည့်ပုံပေါ်‌နေသည်ကို တွေ့လိုက်ရ၏။ သူ
က ဆက်မေးလိုက်သည်။

"အသစ်လား?"

ရှန်ဇယ်ချွမ်းသည် ရှောင်းချီရယ်အား ခေါင်းငြိမ့် ပြ
လိုက်ပြီး၊ တံခါးဘက်သို့ လှည့်ကာ သူ၏ ခြုံထည်ကို ဝတ်နေလိုက်သည်။

သို့သည်းတိုင် ‌တစ်ဖက်မှ ရှောင်းချီရယ်ကမူ သူ၏
လက်မဖြင့် ဓားလက်ကိုင်ရိုးကို တွန်း၍ ဓားအိမ်ထဲမှ အေးစက်မှုများဖြင့် ပြည့်နှက်နေသော ဓားသွားအား တစ်လက်မခန့် ထုတ်ကြည့်လိုက်၏။

"ဓားကောင်းတစ်လက်ပဲ! ဒီဓားရဲ့နာမည်ကို မင်း
ဘယ်လို ပေးထားတာလဲ?"

ရှန်ဇယ်ချွမ်း:"ယန်ရှန်းရွှယ်!"

"️ခေါင်းကို တစ်ချက်မော့လိုက်ပါက၊ နှင်းတောင်
သုံးလုံး ပြိုကျသည့်နှယ်၊ ဂယက်ထ ဒီရေ.....။
နှုတ်ခမ်းကို တစ်ချက်၊ ဟ,လိုက်လျှင်မူ၊ သမုဒ္ဒရာ
ဆယ်စင်း ဝါးမျိုနိုင်ခြင်း.....။"

[T/N: ဒဏ္ဍာရီလာ သတ္တဝါများအကြောင်းအား
ရေးဖွဲ့ထားသည့် ထန်ခေတ်မှ ကဗျာဆရာကြီးလီပိုင်
၏《古风其三十三》ကဗျာမှ ကောက်နှုတ်
ထားသော ကဗျာစာသားတစ်ခု ဖြစ်ပါသည်။

仰喷三山雪 =
ခေါင်းကို တစ်ချက်မော့လိုက်ပါက၊ နှင်းတောင်
သုံးလုံး ပြိုကျသည့်နှယ်၊ ဂယက်ထ ဒီရေ.....။

横吞百川水 =
နှုတ်ခမ်းကို တစ်ချက်၊ ဟ,လိုက်လျှင်မူ၊ သမုဒ္ဒရာ
ဆယ်စင်း ဝါးမျိုနိုင်ခြင်း.....။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now