Chapter 2:(သေသည်အထိ ကြိမ်ဒဏ်)

4.4K 617 19
                                    

[Unicode]
- သေသည်အထိ ကြိမ်ဒဏ် -

အကျဉ်းထောင်ထဲတွင် မှောင်မဲလို့ နေ၏။
ရှန်ဇယ်ချွမ်း၏ လက်နှင့်ခြေထောက်များမှာ
အေးစက်နေလျက်၊ သူဟာ အသက်ရှူဖို့ပင်
စတင်ခက်ခဲလာသည်။ သူသည် သူ၏
လက်ကောက်ဝတ်နှစ်ဖက်ကို အမျိုးမျိုး
လှည့်ကြည့်သော်လည်း၊ လျှော်ကြိုးက
သူ့အား တင်းတင်းကြပ်ကြပ် တုပ်နှောင်
ထားသဖြင့် သူ၏ ကြိုးစားမှုမှာ အချင်းအနှီး
သာ။

သူ၏ ရင်ဘက်ပေါ်တွင် မြေဆီအိတ်တစ်လုံး
ဖိတင်ထားသည့်အတွက်ကြောင့် သူဟာ
နက်ရှိုင်လှသော ရေကန်တစ်ခုထဲကို ပစ်ချခံရ
သလို ခံစားနေရသည်။ သူ၏ နားများလည်
အူနေပြီး၊ အသက်ရှူသံများပင် မှားယွင်းနေသည်။
သူဟာ ရေမွန်းနေသကဲ့သို့၊ အသက်ရှူဖို့ပင်
အနိုင်နိုင်ပါပေ။

ရှန်ဇယ်ချွမ်းသည် အကျဉ်းထောင်ထဲရှိ
ဖယောင်းတိုင်မီးရောင်ဆီသို့ အကြည့်များ
လွှဲလိုက်သည်။

အကျဉ်းထောင်ခန်းမထဲရှိ ရဲမတ်များမှာ
သေရည်လေးတမြမြဖြင့် လက်ချောင်း
ခန့်မှန်းသည့်ဂိမ်းကို ဆော့ရင်း အော်ဟစ်
နေကြသည်။ သူတို့အားလုံးသည်ကား
ရှန်ဇယ်ချွမ်းအား စောင့်ကြည့်ရန်အတွက် အမြင်သာဆုံးနေရာတွင် ထိုင်နေကြ၏။
မြေအိတ်ကမူ ရှန်ဇယ်ချွမ်းအား ကောက်ရိုး
ဖျာကြမ်းနှင့် တစ်သားတည်းဖြစ်သွားတော့
အောင် ဖိချထားသည်။ သူဟာ မွန်းကြပ်မှု
များနှင့် ဆို့နစ်လို့ နေပြီး၊ တလိပ်လိပ်တက်
လာသော ရေလှိုင်းကြီးများလို လေများပျို့
တက်လာလေ၏။

သူ၏အတွေးတို့သည် ဟိုဒီကူးခက်နေ၏။
ရှန်ဇယ်ချွမ်းသည်ကား သူ၏ ခေါင်းကို
မော့ကာ အံကို တင်းတင်းကျိတ်လျက်၊
ခြေထောက်များကို လှုပ်ရှားကြည့်လိုက်
သည်။ သို့ရာတွင် သူ၏ ခြေထောက်များမှာ
အထိအတွေ့ကို မသိနိုင်လောက်တော့သည့်
အထိ ရိုက်နှက်ခံထားရသဖြင့် ၎င်းတို့ကို
မြှောက်လိုက်တဲ့အချိန်တွင် သူဟာ ဘာကိုမှ
မခံစားရတော့ချေ။ သူက သစ်သားကုတင်၏
ဘယ်ဘက်ထောင့်စွန်းကို ကြိုးစားပြီး ရွှေ့
ကြည့်လိုက်သည်။ ၎င်းဟာ အင်းဆက်ပိုးမွှား
များ ကိုက်ခဲထားသောကြောင့် ဆွေ့မြေ့နေပြီ
ဖြစ်ရာ၊ သူ ဒီကို စရောက်ကတည်းက
ထိုအပေါ်တွင် ထိုင်နေခဲ့သဖြင့် ပို၍
ပျက်စီး‌နေပြီ ဖြစ်၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now