Chapter 48:(မထင်မှတ်ထားသည့် ဘက်မှ အနိုင်ရရှိခြင်း)

1.5K 276 36
                                    

[Unicode]
- မထင်မှတ်ထားသည့် ဘက်မှ အနိုင်ရရှိခြင်း -

လီကျန့်ဟန်သည်ကား အိမ်မက်ဆိုး မက်နေရှာ၏။

အိမ်မက်ထဲတွင် သူဟာ နန်လင်အမဲလိုက်ကွင်းတွင်
ရောက်နေလျက်၊ မြင်းကို အပြေးမောင်းနှင်နေပြီး၊
သစ်ကိုင်းသစ်ခတ်များက သူ၏ မျက်နှာအား ပြင်း
ပြင်းထန်ထန် ရိုက်ခတ်လို့ နေရာ၊ မျက်နှာကို လက်
နှင့် အုပ်ပြီး အထိတ်တလန့် ရှောင်တိမ်းလို့ နေမိ
သည်။

သူ၏အောက်ရှိ မြင်းကမူ ရိုင်းစိုင်းစွာဖြင့် မဆုံးအစ
မဲ့သော တောနက်ထဲသို့ ပို၍ ပိုကာ တိုးဝင်နေလျက်၊
သူဟာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြင်းဇတ်ကြိုးကို
လှမ်းဆွဲချင်သည့်တိုင်၊ ရှောင်းချီရယ်က သူ့ဘက်သို့
လှည့်လာပြီး၊ သူ၏ ကော်လံကို တင်းတင်းကြပ်
ကြပ် ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်
ကို ခံစားလိုက်ရလေ၏။

"ချဲ့အန်း, ငါ့ကို ကယ်ပါဦး!"

လီကျန့်ဟန်က မြေပြင်ပေါ်တွင် ကျလျှင် ကျသွား
ချင်း ဒူးထောက်ကာ ရှောင်းချီရယ်ကို တောင်းပန်
ခယ လာတော့သည်။

"ချဲ့အန်း! ချဲ့အန်း! ငါတို့က ညီအစ်ကိုတွေလေ...!
ကျေးဇူးပြုပြီး ငါ့ကို ဒီမှာ ချန်မထားခဲ့ပါနဲ့..!"

ကောင်းကင်ယံ၌ လျှပ်စီးများ တဖျက်ဖျက်လက်
ကာ၊ မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟည်းနေ
သော်လည်း၊ ရှောင်းချီရယ်၏ မျက်နှာအမူအရာမှာ
မူ ပကတိ တည်ငြိမ်လို့ နေ၏။ သူက လီကျန့်ဟန်
အား ကြည့်၍ စာနာစိတ်ကင်းမဲ့စွာ ပြောလိုက်
သည်။

"သူ့ကို သတိမေ့အောင် ရိုက်ပြီး၊ အဝေးခေါ်သွား
စမ်း!"

လီကျန့်ဟန်မှာ မျက်ရည်များ တသွင်သွင် ကျဆင်း
နေလျက်၊ ရှောင်းချီရယ်ကို အသနားခံစွာ ကြည့်
နေခဲ့သည်။ သူဟာ သူ၏ အနားသို့ ချန်ယန်တိုး၍
လာသည်နှင့်အမျှ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နောက်
သို့ ဆုတ်နိုင်သမျှ ဆုတ်ရင်း၊ ‌လက်ကို ဝှေ့ယမ်းကာ
ရှိုက်ကြီးတငင် ဆိုမိ၏။

"ငါ...ငါက ဧကရာဇ်...ဘာဖြစ်လို့ မင်း ငါ့ကို အဲ့ဒီလို
ဆက်ဆံရဲတာလဲ?"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now