Chapter 31:(အနှီးလူ၏ ကုပ်ပိုးဖြူဖြူ)

2K 374 112
                                    

[Unicode]
       - အနှီးလူ၏ ကုပ်ပိုးဖြူဖြူ -

"ဒါဆိုလည်း အကုန်ချွတ်ချလိုက်လေ!"

ရှောင်းချီရယ်ကား ပြောပြောဆိုဆိုနှင့် သူ၏ လက်
မောင်းရှိ သံချပ်ဝတ်များကို ဖြုတ်လိုက်ပြီး၊အစော
ပိုင်းက သူ ချွတ်လိုက်သော ခြုံထည်နှင့်အပေါ်ဝတ်
ရုံတို့‌ကို ပေါင်းကာ အမိုးအုတ်ကြွပ်အောက်က ပို၍
ထွက်နေသော သစ်သားအစွန်းလေးပေါ်တွင် ပစ်
တင်လိုက်သည်။ အတွင်းခန်းမထဲရှိ စစ်သည်များ
သည် ရှောင်းချီရယ်အား လာရောက်၍ ဂါဝရပြု
ချင်သော်လည်း၊ ရှောင်းချီရယ်သည် သူတို့အားလုံး
အား လက်တစ်ဖက်ကို မြှောက်ကာ သူ့ဆီသို့ မလာ
ရန် တားဆီးလိုက်လေ၏။ သူက ရှန်ဇယ်ချွမ်းဘက်
သို့ လှည့်ကာ ခပ်တည်တည်ဖြင့် ကြည့်လိုက်ပြီး-

"အဲ့လိုဆို ကျိမျိုးနွယ်ရဲ့ စိတ်ကျင့်ထုံးကို သုံးပြီး ၊
လေ့ကျင့်လာခဲ့တဲ့ မင့်ခန္ဓာကိုယ်နဲ့ ငါ့ခန္ဓာကိုယ်ကြား
မှာ ဘယ်လိုကွဲပြားမှုတွေ ရှိသလဲဆိုတာ ငါ ကိုယ်
တိုင် လေ့လာလို့ ရတာပေါ့!"

"သခင်လေးပဲ အရင်က...ကျွန်တော်တို့နှစ်ယောက်
ရဲ့ ကိုယ်ခံပညာသင်တန်းက အတူတူပဲဆို!"

ရှန်ဇယ်ချွမ်းက လန်လိဓားကို ဘေးသို့ ချလိုက်ပြီး
ဆက်ပြောလာ၏။

"ဒါဆိုရင် ဘာမှ လေ့လာနေစရာ မလိုပါဘူး။
အများအားဖြင့်တော့ ကိုယ်ဟန်အနေအထား ယူပုံ
ယူနည်းတွေနဲ့ တိုက်ကွက်တွေက အတူတူပါပဲ!"

ရှောင်းချီရယ်က ပြောသည်။

"အဲ့လိုလည်း မဟုတ်သေးဘူး!ငါ့ရှစ်ဖူးက ကျိမျိုး
နွယ်ရဲ့တိုက်ခိုက်နည်းပညာကို အပြင်က သိုင်းပညာ
နဲ့ပေါင်းစပ်ပြီး သင်ပေးထားတာ။ အဲ့သိုင်းပညာက
ကျိမျိုးနွယ်ရဲ့တိုက်ခိုက်နည်းပညာနဲ့ အတော်လေး
ကွာတယ်။အဲ့ဒီနှစ်ခုသာ တူနေရင်၊ အဲ့ဒီညတုန်းက
မင်း လုံးလုံး သတိထားမိသွားမှာ!"

"တကယ်လို့ သခင်လေးက သိုင်းပညာအမြင်ချင်း
ဖလှယ်ချင်တယ်ဆိုလည်း ဖလှယ်ချင်တယ်လို့ ပြော
လိုက်ပါလား?!"

ရှန်ဇယ်ချွမ်းက သူ၏ ခြေထောက်ကို အနည်းငယ်
ပြင်လိုက်ကာ တိုက်ခိုက်တော့မည့်အနေအထားသို့
ပြောင်းလဲလိုက်၏။ သူက ဆက်ပြောလာခဲ့သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now