Chapter 51:(တပ်မှူးချုပ်)

1.3K 269 23
                                    

[Unicode]
            - တပ်မှူးချုပ် -

အမှောင်ထုထဲ၌ ရှောင်းချီရယ်သည် ဝိုင်များပေကျန်
နေသော သူ၏ နှုတ်ခမ်းထောင့်စွန်းကို လက်မနှင့် သုတ်လိုက်ပြီး -

"ကန်ချက်တစ်ချက်အတွက်၊ အနမ်းတစ်ချက်ဆို
တော့ ငါတို့နှစ်ယောက်လုံး ဘယ်သူမှ မရှုံးဘူးဘဲ!"

ရှန်ဇယ်ချွမ်းသည်ကား ရှောင်းချီရယ်အား မကြည်
သလို ကြည့်လိုက်၏။

ရှောင်းချီရယ်ကမူ သဘောတကျပြုံးနေလျက် -

"အနမ်းနဲ့ ကန်ချက်က ဆက်စပ်မှုမရှိဘူးလို့ ထင်ရ
ပေမဲ့....ဒီလိုအဖြစ်အပျက်ဆိုရင်တော့ ငါ လက်ခံနိုင်
ပါတယ်....️️ပြီး‌တော့ နောင်အနာဂတ်မှာ မင်းအနေနဲ့  
ဘေးက လူတွေကိုတောင် ဂရုမစိုက်ဘဲ၊ ငါ့ကို နင်း
ချေပြီ သွားချင်ရင် သွားလို့ ရတယ်....ငါ မင်းကို မ
တားဆီးဘူး.....ငါ့အပေါ်ကနေ ကြိုက်သလို ဖြတ်
လျှောက်သွားလိုက်! ပြီးမှ မင်းဆီကနေ အတိုးရော၊
အရင်းပါ ပြန်ယူမှာ!"

ရှန်ဇယ်ချွမ်းမှာ ရှောင်းချီရယ်ကိုက်လိုက်သော နေ
ရာမှ ငန်ကျိကျိအရသာတို့ကို ခံစားနေရသည်။

"ခင်ဗျား တစ်ချိန်လုံး ဒီလိုလုပ်ဖို့ အခွင့်အရေး မရ
နိုင်ပါဘူး!"

ရှောင်းချီရယ်သည် ရှန်ဇယ်ချွမ်း၏ အနားသို့ တိုး
သွားသဖြင့်၊ ရှန်ဇယ်ချွမ်းမှာ တစ်ဖက်လူ၏ အရိပ်
အောက်တွင် လုံးလုံးကျရောက်သွားတော့၏။ ရှောင်းချီရယ်က ရှန်ဇယ်ချွမ်းအား ရိသဲ့သဲ့ ပြုံးပြ
လိုက်ပြီး-

"မင်းလည်း အမြဲတမ်း ဒီလိုထွက်ပြေးဖို့ အခွင့်အ
ရေး မရပါဘူး!"

ရှောင်းချီရယ်သည်ကား ထိုသို့ပြောပြီးနောက် သူ၏
လက်ကို ဆန့်ထုတ်ကာ ရှန်ဇယ်ချွမ်း၏ ဘေးတွင် ရှိ
နေသော သစ်ကိုင်းတစ်ခုမှ မေဟွားပန်းပွင့်တစ်ခုကို
ခူးလျက်၊ ပွင့်ချပ်လေးများကို ချွေ၍ သူ၏ပါးစပ်ထဲ
သို့ ထည့်လိုက်သည်။ ရှန်ဇယ်ချွမ်းမှာ ရှောင်းချီရယ်
၏ အကြည့်အောက်၌ သူ့ကိုယ်သူ ထိုပွင့်ချပ်လေး
နှင့် တူလှသည်ဟူ၍ပင် ထင်မှတ်လိုက်မိသည်။ သူ
သည် ရှောင်းချီရယ်အား အမြဲတစေ အကဲဖြတ်နေမိ
လေရာ၊ အနှီးလူဟာ 'အာရုံခံစွမ်းရည်မြင့်မားသည်'
သာမက၊ 'အနိုင်ရရှိလိုစိတ် ပြင်းပြ'ကြောင်းကို
လည်း သိလိုက်ရ၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now