Chapter 24:(မိုးသည်းည)

1.9K 409 167
                                    

[Unicode]
            - မိုးသည်းည -

ပိန်းပိတ်အောင် မှောင်မိုက်နေသော ညတာ၌
ရုတ်တရက် လျှပ်စီးအလင်းတန်းတစ်ခုက ဖျက်ခနဲ
လင်းလက်လို့သွားပြီး၊ ထိုအနောက်မှလည်း ကျယ်လောင်သော မိုးခြိမ်းသံကြီးက ကပ်၍ပါလာ
ခဲ့ပြန်၏။ မိုးများတဖျောက်ဖျောက်ရွာသွန်းနေပုံက သွယ်ဖြာစီးဆင်းနေသော ရေတံခွန်တစ်ခုနှယ် ။

ချောင်ထျန်းယာက မတ်တတ်ရပ်လိုက်ပြီး၊ ထိုဓား
ပါးလေးကို သူ၏အနောက်က လူဆီ လှမ်းပစ်ကာ
သိမ်းဆည်းခိုင်းလိုက်၏။ ချောင်ထျန်းယာက ပြော
လိုက်သည်။

"ဒုသခင်လေးရှောင်းက မြှားမှန်ထားပြီးပြီ ၊
သူတစ်‌ယောက်တည်းဆိုရင် လုံးဝလွတ်အောင်
ပြေးနိုင်မှာ မဟုတ်ဘူး။"

ဆင်ခြေလျှော၏ အောက်ခြေရှိ ရေမြောင်းထဲတွင်မူ
ရှောင်းချီရယ်နှင့် ရှန်ဇယ်ချွမ်းမှာ ဝမ်းလျားမှောက်
လျက်၊ ပုန်းအောင်းနေကြပြီး၊ သူတို့နှစ်ဦးသားဟာ
အသက်ကိုပင် ရဲရဲမရှူရဲကြချေ။

ယခုအခြေအနေသည် ပင့်ကူအိမ်ကဲ့သို့ပင် အလွန်
ရှုပ်ထွေးလျက် ရှိပေသည်။ အကြောင်းမှာ သူတို့၏
ပတ်ပတ်လည်၌ တော်ဝင်ကိုယ်ရံတော်တပ်များ
အပြင် အမည်မသိ လုပ်ကြံသူများလည်း ရှိနေပြန်
သော‌ကြောင့်ပင်။ ထိုယောက်ျားပျိုနှစ်ဦးအတွက်
ရန်သူများ၏ လက်မှ လွတ်မြောက်အောင် ကြိုးစား
ရသည်မှာ ကောင်းကင်ဘုံကို တက်ရသည်ထက်ပင်
ပိုမို ခက်ခဲပေလိမ့်မည်။ သူတို့အနေဖြင့် ဝန်းရံတိုက်
ခိုက်ခံရခြင်းမှ ဖောက်ထွက်ရန်အတွက်ဟူသည်မှာ
အလွန်ခက်ခဲလှပြီး၊ ရှောင်းချီရယ်သည်လည်း စိုး
ရိမ်စရာအခြေအနေသို့ ရောက်ရှိလို့နေသည်။ မြှား
ရှပ်ထိသွားသော သူ၏ ဘယ်ဘက်လက်မှာ ထုံကျင်
မှုအတိဖြင့်၊ မေ့ဆေးသာ သူ၏ခန္ဓာကိုယ်ထဲသို့ တစ်
နာရီအတွင်း  ပျံသွားပါက၊ သူဟာ လှုပ်ရှားနိုင်တော့
မည်မဟုတ်ချေ။

ချောင်ထျန်းယာသည် ဘေးနားက မြက်ဖုတ်တစ်ချို့
ကို ခြေထောက်နှင့် တွန်းဖယ်လိုက်ရာ တစ်နေရာဆီ
သို့ ဦးတည်သွားသော ခြေရာများကို မြင်လိုက်ရ
သည်။ သူက လက်ကို အပေါ်သို့ အနည်းငယ်
မြှောက်ကာ၊ ဆင်ခြေလျှောကို လက်ညိုးဖြင့်ထိုးပြ
လိုက်၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」حيث تعيش القصص. اكتشف الآن