Chapter 7:(ထိုက်ဖု)

2.5K 443 10
                                    

[Unicode]
           - ထိုက်ဖု -

ထိုက်ဖုချီသည် မှင်တက်မိနေရာမှ သူ၏
လက်များကို ပြန်ဆွဲယူလိုက်၏။ သူသည်
ခေါင်းကို တဖက်သို့လှည့်ကာ ရှန်ဇယ်ချွမ်းကို
ကြည့်ရန် ငြင်းဆန်နေလေ၏။သူဟာ ဒီနေရာ
တွင် အနှစ်(၂၀)ကြာအောင် အကျဉ်းချခံထား
ခဲ့ရရာ ရူးသွပ်လုနီးနီးဖြစ်နေခဲ့ပြီး ဒီနေရာ၏
အပြင်က လူတိုင်းအား မုန်းတီးနေခဲ့လေသည်။
သိုတည်းတိုင် ယနေ့ညအဖို့မူ ရန်သူ၏ သားကို
မမုန်းရန် သူ့ကိုယ်သူ ဖျောင်းဖျရပေအုံးမည်။

"ဒါဆိုရင်...."

ထိုက်ဖုချီ၏ အသံက လေးဖင့်နေပုံပေါ်၏။

"ဒါဆိုရင်....ကျုပ် အခု ဘယ်သူ့ကို သတ်ရ
မှာလဲ?!"

နှင်းများသည် တိတ်တဆိတ်ကျဆင်းနေကြပြီး
ဘုရားကျောင်းဝင်းထဲမှ ကျီးကန်းသည်လည်း
သစ်ကိုင်းထက်မှ ပျံသန်းသွားတော့သည်။
ဘုရားကျောင်းထဲရှိ စုတ်ပြတ်နေသော ခန်းဆီး
စ,လေးသည်သာ လေနှင့်အတူ တဖျက်ဖျက်
ခတ်လျက်။ထိုက်ဖုချီသည် တုန်တုန်ယင်ယင်ဖြင့်
မတ်တတ်ရပ်လိုက်ပြီး၊ ယူကြုံးမရဖြစ်ခြင်းနှင့်
အတူ ဖြေသိပ့်နိုင်စွမ်းပါ ကင်းမဲ့နေလေ၏။
သူက သူ၏လက်များကို မြှောက်ကာ
ဒယီးဒယိုင်ဖြင့် လျှောက်သွားလေသည်။

"ပြီးခဲ့တာတွေလည်း ပြီးသွားပြီ၊ ဘာကိုမှ
ပြန်ပြင်လို့ မရတော့ဘူး။ အောင်နိုင်သူတစ်
ယောက်က ရှင်ဘုရင်တစ်ပါးလို ပေါ်ထွန်း
လာပေမဲ့၊ အရှုံးသမားကတော့ သူပုန်ပဲ ဖြစ်လာ
တယ်။အရှင်မင်းသားရဲ့မွန်မြတ်တဲ့ နာမတော်
က စွန်းထင်သွားပြီးပြီ....ပြီးတော့ အသင်နဲ့
ကျုပ်က နောင်လာနောင်သားတွေရဲ့ ပြစ်တင်
ဝေဖန်တာကို ခံရမယ့်...ကံကြမ္မာငင်တဲ့
သစ္စာဖောက်တွေ ဖြစ်နေပြီ...ကျုပ် ဘယ်သူ့
ကို သတ်ရမှာလဲ?...ကျုပ်...ကျုပ်...နားဝေ
တိမ်းတောင်းနဲ့ ကန်းနေတဲ့ ကောင်းကင်ဘုံကို 
သတ်ပစ်မယ်! လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်
တုန်းက အရှင်မင်းသားရဲ့သွေးတွေဟာ
ဒီနေရာမှာ လွင့်စင်သွားခဲ့တယ်..ကျုပ်တို့
ဘာအမှားလုပ်မိလို့လဲ...အဲ့ဒီဧကရာဇ်ကသာ
ကျုပ်တို့ကို ချေမှုန်းချင်တဲ့အထိ ရက်စက်လွန်း
နေတာ မဟုတ်ဘူးလား?!..."

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now