Chapter 35:(ပထမဆုံး‌သော နှင်း)

1.9K 343 71
                                    

[Unicode]
         - ပထမဆုံးသော နှင်း -

တစ်ချက်၊တစ်ချက် တိုက်ခတ်နေသည့် လေသည်
အရိုးကွဲမတတ် အေးစက်သော အအေးဓာတ်တို့ကို
ဆောင်ကြဉ်းလာခဲ့ပြီး၊ ယောက်ျားပျိုနှစ်ယောက်၏ ဝတ်ရုံလက်များကိုလည်း ထိုလေနှင့်အတူ လေထဲ
သို့ တလှပ်လှပ် လွင့်ပါစေ၏။

ရှန်ဇယ်ချွမ်းသည် ရုတ်တရက် တစ်ဖက်သို့ လှည့်
ကာ နှာချေလိုက်သည့်အတွက် ရှောင်းချီရယ်နှင့်
ရင်ဆိုင်ဖြေရှင်းရမည့်အနေအထားမှ လွတ်မြောက်
သွားသည်။ သူသည် ရေများဖြင့် စိုရွဲလို့ နေပြီး ၊
ရှောင်းချီရယ်အား ‌လက်ကို ဝှေ့ယမ်းပြလိုက်ကာ
ခပ်အုပ်အုပ် အသံဖြင့် ပြောလိုက်၏။

"လက်ကိုင်ပုဝါတစ်ထည်လောက် မရှိဘူးလား?"

ရှောင်းချီရယ်က ရှေ့သို့တက်လျက် ရှန်ဇယ်ချွမ်း
အား လက်ကိုင်ပုဝါတစ်ထည် ကမ်းပေးလိုက်
သည်။

ရှန်ဇယ်ချွမ်း၏ နှာဖျားထိပ်လေးများမှာ အအေး
ဒဏ်ကြောင့် ရဲတွတ်နေခဲ့ပြီး၊ သူ၏ လက်ချောင်း
ထိပ်လေးများပင်လျှင် တဖြည်းဖြည်း နီရဲလို့လာ
တော့သည်။သူက ရှောင်းချီရယ်ထံမှ အပြာရောင်
လက်ကိုင်ပုဝါလေးကို လှမ်းယူလိုက်ပြီး၊ သူ၏နှာ
ခေါင်းနှင့် ပါးစပ်ကို အုပ်ထားလိုက်လေ၏။

ထိုအခါမှသာ ရှောင်းချီရယ်သည် တည်တည်ငြိမ်
ငြိမ်နှင့် ထီးကို ဆွဲဖွင့်လိုက်ပြီး၊ ရှန်ဇယ်ချွမ်းအား
လမ်းဖယ်ပေးခြင်းမပြုဘဲ၊ အမေးစကားဆိုလိုက်
သည်။

"မင်း ဘယ်သွားနေတာလဲ?"

ရှန်ဇယ်ချွမ်းက ပြန်ဖြေလိုက်သည်။

"သွားပြီး ပျော်ပါးနေတာ!"

ရှောင်းချီရယ်က ဆို၏။

"ဘာပဲဖြစ်ဖြစ်၊ မင်းက ငါ့ရဲ့အစောင့် ဖြစ်နေပြီးပြီ။
မင်း ပျော်ပါးဖို့ အပြင်ထွက်တဲ့အချိန်တိုင်း ရုံးချုပ်
ကို အကြောင်းကြားရမယ်။"

ရှောင်းချီရယ်က ခနဲ့တဲ့တဲ့ ဆက်၍ ပြောသည်။

"မဟုတ်ရင် ဘာမပြော၊ညာမပြောနဲ့ ထွက်ပြေးသွား
ရင် ဘယ်လိုလုပ်မလဲ။မင်းက သိပ်ယုံရတာ မဟုတ်
ဘူး။ စိုးရိမ်ရတယ်။"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now