Chapter 37:(ပြောင်းဝကျယ် လက်ပစ် သေနက်တို)

1.7K 349 48
                                    

[Unicode]
     - ပြောင်းဝကျယ် လက်ပစ် သေနက်တို -

ရှန်ဇယ်ချွမ်း၏ ရှေ့မှ ကမ္ဘာကြီးသည် ရုတ်ခြည်ဆို
သလို အမှောင်အတိ ကျသွားခဲ့ပြီး၊ သူဟာ အစော
ပိုင်းကထက်ပင် ရှောင်းချီရယ်နှင့် ပို၍ နီးကပ်သွား
တော့သည်။

အမှောင်ထဲ၌ ရှောင်းချီရယ်သည် ကျီစယ်သော လေ
သံအပြည့်ဖြင့် ပြောလိုက်သည်။

"ငါ့ကိုယ်ပေါ်က အနံ့ဆိုရင်...ဘယ်လိုလုပ်ပြီး အဲ့
လောက်ကြီး အနံ့ဆိုးမှာလဲ...လန်ကျိုးလေးရဲ့!"

ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏ စကားအား မသိ
ကျိုးကျွန်ပြုကာ အကြောင်းအရာကို လျှင်မြန်စွာ
ပြောင်း၍ မေးလိုက်၏။

"ခင်ဗျား အခုလေးတင် တော်ဝင်စစ်တပ်ရဲ့ လက်
နက်တိုက်ထဲကို သေနက်တွေထည့်ပြီး ပြန်လာတာ
မလား?"

ရှောင်းချီရယ်: "အင်း...ပြောင်းဝကျယ် သေနက်က
ထွက်တဲ့ ကြေးအနံ့တွေ ထင်တယ်..."

ရှောင်းချီရယ်က ပြောပြောဆိုဆိုနှင့် သူ၏လက်ကို မြှောက်ကာ ရှန်ဇယ်ချွမ်း၏ နှာဝနားသို့ တေ့ပေး
လိုက်ပြီး အနှီးလူအား ရူရှိုက်‌ခိုင်းလိုက်ကာ -

"လန်ကျိုးရာ...အဲ့ဒါက မင်းကိုယ်ပေါ်က အနံ့တွေ
နဲ့ရောနေတော့...ငါ့မှာ သေသေချာချာတောင် မခွဲ
ခြားတတ်တော့ဘူး..."

ရှန်ဇယ်ချွမ်းသည် အနည်းငယ်စိတ်တိုလာဟန် ရှိ
၏။

"ကျွန်တော့်ကိုယ်ပေါ်မှာ ဘာအနံ့မှ မရှိပါဘူးလို့
ခင်ဗျားကို ပြောနေတာ ဘယ်နှစ်ခါရှိနေပြီလဲ?...အခု
ထိ နားမလည်သေးဘူးလား..? ခင်ဗျားက တော်
တော့်ကို ဒုံးဝေးတာပဲ!"

ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်ကို ရွဲ့၍ ပြောလိုက်
သည်။

"ခင်ဗျားကိုယ်ပေါ်မှာ ယမ်းမှုန့်အနံ့တွေ ထွက်နေ
တဲ့ ပုံကို ထောက်ကြည့်ရတာ....မဟာလေ့ကျင့်ရေး
ဌာန(၈)ခုက လက်နက်တိုက်ကို ခင်ဗျား ဝင်စီးလာ
ခဲ့တာမို့လား?"

ပြောင်းဝကျယ် လက်ပစ် သေနက်တိုများသည်
တော်ဝင်တရားခုံရုံး၏  တင်းတင်းကျပ်ကျပ် တား
မြစ်ခြင်းကို ခံထားရသော်လည်း၊ မူလက ဝါးများ
ကို အသုံးပြုကာ ထုတ်လုပ်နိုင်သည့်အဆင့်မှ ကြေး
ညိုများကို အသုံးပြုကာ ထုတ်လုပ်နိုင်သည့်အဆင့်‌
သို့ ရောက်သောအခါ မဟာလေ့ကျင့်ရေးဌာန(၈)ခု
မှ ချွင်းချွမ်တပ်ရင်း၏ စစ်ဘက်ဆိုင်ရာသုံး လက်
နက်များ ဖြစ်လာကြသည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now