Chapter 22:(မိုးခြိမ်းသံ)

2K 370 46
                                    

[Unicode]
          - မိုးခြိမ်းသံ -

နောက်တစ်နေ့နံနက်၌ ဧကရာဇ်ရှန်ဒယ်သည် ဆောင်းဦးအမဲလိုက်ပွဲ၏ ပြိုင်ကွင်းကို ကိုယ်တိုင်ကွပ်ကဲသည်။ သူ၏ ကျန်းမာရေးက
မြင်းစီးကာ ကိုယ်တိုင်အမဲလိုက်ထွက်ရန်
ခွင့်မပြုသဖြင့်၊ သူဟာ ဆုလာဘ်များကိုသာ
ပြင်ဆင်ပြီး၊ တက်ရောက်သော လူများကို
ဆုလာဘ်များဆွတ်ခူးနိုင်ရေးအတွက်
အစွမ်းကုန်ကြိုးစားပြီး အမဲလိုက်ကွင်းသို့
ထွက်ခွာရန်သာ မိန့်ကြားလေ၏။

လီကျန့်ဟန်သည်ကား မြင်းပေါ်သို့ မတက်
နိုင်ဖြစ်လို့နေပြီး၊ အတော်လေး ကြိုးစား
ပြီးမှသာ မြင်းပေါ်သို့ ခုန်တက်နိုင်တော့သည် ။
ဧကရာဇ်ရှန်ဒယ်က သူ့ကို ကြည့်ကာ ပြော
လိုက်သည်။

"ကျန့်ဟန်က အားလုံးရဲ့စံပြအနေနဲ့ ရှေ့ကနေ ဦးဆောင်သွားလိမ့်မယ် ။ ကိုယ်တော်...မင်း
ဖမ်းဆီးလာတဲ့ သားကောင်ရဲ့ အရသာကို
မြည်းစမ်းကြည့်ရအောင် စောင့်နေမယ်နော်။"

လီကျန့်ဟန်သည် မြင်းဇတ်ကြိုးကို ဆုပ်ကိုင်
လိုက်၏။ သူကား သူ၏ သက်တော်စောင့်များကို ညွှန်ကြားထားပြီးသားပင်။အကယ်၍ သူ့အနေဖြင့်
ပစ်မှတ်ကို မှန်အောင် မပစ်နိုင်ဘူးဆိုလျှင်တောင် လက်ဗလာချည်တော့ ပြန်မလာနိုင်ပေ။ထို့ကြောင့်
သူသည် သူ၏ အနောက်တွင် အနီးကပ်လိုက်ပါ
လာသော သက်တော်စောင့်အုပ်စုနှင့်အတူ
ပျော်ရွှင်စွာ စတင်ထွက်ခွာသွားသည် ။
ရှောင်းချီရယ်ကမူ သူ၏ဘေးမှနေ၍ မြင်းစီး
ကာ ကပ်လျက်လိုက်ပါလေ၏။

နန်လင်အမဲလိုက်ကွင်းတွင် အလွန်ကျယ်ပြန့်
သော မြက်ခင်းပြင်ကျယ်ကြီးတစ်ခုရှိပြီး၊
ယင်းမြက်ခင်းပြင်ကြီး၏ အဆုံးတွင်မူ
တောအုပ်ကြီးတစ်ခုက မျက်စိတစ်ဆုံးနေရာ
ယူလျက် ရှိသည်။ နံနက်ခင်းတွင် ကျဆင်း
တတ်သော နှစ်စက်လေးများမှာလည်း
အဝါရောင်သစ်ခက်၊ သစ်ရွက်လေးများပေါ်တွင် တွဲလဲခိုနေလျက်။ လေးဘက်လေးတန်ရှိ
သားကောင်တို့မှာ မြင်းခွာသံများနှင့်
လူအများ၏ ညာသံပေးများကြောင့် ကြောက်လန့်တကြားဖြစ်ကာ ချုံပုတ်များ
အကြားတွင် ဝင်ပြေးကုန်ကြ၏ ။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now