Chapter 84:(ချမ်းသာကြွယ်ဝမှု)

855 115 23
                                    

[Unicode]
             - ချမ်းသာကြွယ်ဝမှု -

ရှောင်းချီရယ်သည် တစ်နေ့လုံး စစ်ရေးလေ့ကျင့်ကွင်းထဲတွင် မရပ်မနား ပတ်ပြေးနေခဲ့ရရာ၊ ယခုအချိန်၌ သူ၏ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေလေ၏။ သို့ဖြစ်ရာ သူသည် ရှန်ဇယ်ချွမ်းရှိရာ စားပွဲ၏ အခြားတစ်ဘက်သို့ သွားမနေတော့ဘဲ၊ သည်ဘက်ခြမ်းတွင်သာ ဝင်ထိုင်လိုက်ပြီး၊ ရှန်ဇယ်ချွမ်း၏ လှုပ်ရှားမှုများကို အတိုင်းသား ငေးကြည့်နေလိုက်သည်။

စားပွဲပေါ်တွင်မူ အမှုတွဲစာတမ်းများသည်ကား အထပ်လိုက်၊ အပုံလိုက်ဖြင့်။ ၎င်းတို့ထဲမှ တစ်ချို့မှာ တရားရေးဝန်ကြီးဌာန၏ စာရွတ်ဖြတ်ပိုင်းတို့ဖြင့် ချိတ်ပိတ်ထားကာ၊ ထိပ်ဆုံးတစ်ခုတွင် မှတ်သားထားသော ရက်စွဲအရပြောရလျှင်၊ ထိုအမှုတွဲများအားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အမှုတွဲများ ဖြစ်ပေ၏။

"မင်းက အမှုဟောင်းတွေကို ပြန်ပြီး စစ်ဆေးနေတာပဲ!"

ရှောင်းချီရယ်သည် ကုလားထိုင်၏ ‌အ‌နောက်ဘက်အတန်းပေါ်သို့ သူ၏ လက်တစ်ဖက်ကို ဖြစ်သလို တင်ထားလိုက်ကာ၊ အခြားတစ်ဖက်ဖြင့် စားပွဲပေါ်တွင် ရှန်ဇယ်ချွမ်းတင်ထားသော ဝါးယပ်တောင်လေးကို ကောက်ကိုင်ပြီး၊ ဟိုဟိုသည်သည်ကလိလာ၏။

"တော်ဝင်အကျဉ်းထောင်က အမှုတွေကို စုံစမ်းရုံနဲ့တင် အဲ့ဒါက မင်းကို လဝက်လောက် ကြာစေမှာကို.... ဘာဖြစ်လို့ မင်းက တရားရေးဝန်ကြီးဌာနက အမှုတွေကို ပြန်ပြီး ရှာဖွေနေရပြန်တာတုန်း?"

ရှန်ဇယ်ချွမ်း:"လွန်ခဲ့တဲ့ လေးနှစ်အရင်ဧကရာဇ်နန်းမတက်ခင်တုန်းက တော်ဝင်အကျဉ်းထောင်မှာ ဟာကွက်တစ်ချို့ ရှိခဲ့လို့လေ..."

ရှန်ဇယ်ချွမ်းသည် သူ၏ ရှေ့တွင် ရှိနေသော စာလွှာအထပ်လိုက်ကြီးကို ကြည့်နေလျက်၊ သူ၏ စကားကို တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

"အဲ့ဒီအချိန်တုန်းက ကျိလေမှာ ကျောထောက်နောက်ခံအဖြစ် ဖန်းရူကွေ့ရှိတယ်! အဲ့ဒါကြောင့် သူ့မှာ တာဝန်တစ်ခုခုမရှိဘဲနဲ့တော့ ကျိလေက အဲ့ဒီအထိ ဟိုယောင်ယောင်၊ သည်ယောင်ယောင် မလုပ်ရဲလောက်ဘူး.... ဒါပေမဲ့ တော်ဝင်အကျဉ်းထောင်ထဲမှာ အဲ့ဒါနဲ့ပတ်သတ်ပြီး  ဘာတစ်ခုမှ မှတ်တမ်းမှတ်ရာ မကျန်ခဲ့ဘူးဆိုတော့....  အဲ့ဒီအချိန်တုန်းက အမှုကိစ္စတော်တော်များများက စံနမူနာယူထိုက်တဲ့ တရားရေးရုံး(၃)ရုံးရဲ့ ပူးတွဲစစ်ဆေးခြင်းကိုတောင် ထိန်းချုပ်ထားတယ်လို့ ငါ ထင်တယ်.... ပြောရရင်ကွာ... ကျိလေက တရားရေးဝန်ကြီးဌာနရဲ့ နောက်ကနေ လိုက်ပြီး၊ သူတို့အတွက် ထူးဆန်းတဲ့ အလုပ်တွေကို လုပ်ပေးနေတာမျိုး..."

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now