Chapter 78:(တစ်ဦးတစ်ယောက်ချင်းစီ ဧည့်ဝတ်ပြုသော်)

1.5K 199 8
                                    

[Unicode]
  - တစ်ဦးတစ်ယောက်ချင်းစီ ဧည့်ဝတ်ပြုသော် -

ဖန်းလင့်သည် အဝတ်လဲပြီးနောက်၊ စိတ်ပျက်လက်ပျက်ဖြင့် ပြတင်းပေါက်နားရှိ ညောင်စောင်းပေါ်တွင် ထိုင်နေခဲ့သည်။ ဖေ့ရှစ်မှာ ဖန်းလင့်၏ ရှေ့တွင် ထိုင်နေလျက်၊ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားနေရပြီး၊ ဖန်းလင့်အား စကားစမြည်ပြောရန် ကြံရွယ်လိုက်သော်လည်း၊ စကားလုံးများသည် သူ၏ နှုတ်ခမ်းဝမှာတင် အကြိမ်ကြိမ် ပျောက်ဆုံးသွားခဲ့၏။

"မင်း ငါ့ကို ဘာမှ ပြောပေးစရာ မလိုပါဘူး!"

ဖန်းလင့်သည် ပြတင်းပေါက်မှတစ်ဆင့် အိုဟောင်းနေပြီဖြစ်သော်လည်း ယခုအချိန်ထိ မီးရောင်များဖြင့် အလှဆင်ထားသော အပျော်ဂေဟာတစ်ခုကို ကြည့်နေမိသည်။

"သူ့လိုမျိုး နိမ့်ကျတဲ့ လူနဲ့ တွေ့ရတာကိုက ငါ့ရဲ့ ကံဆိုးမှုကြောင့်ပဲ!"

ထိုအခါမှ ဖေ့ရှစ်က ဆိုလာခဲ့၏။

"သူက သဘောထား သေးသိမ်ပြီး နိမ့်ကျတဲ့ လူတစ်ယောက်ဆိုတာ မင်းလည်း သိရဲ့သားနဲ့၊ ဘာဖြစ်လို့ သူ့လို လူနဲ့ သွားပြီး ရန်ဖြစ်နေသေးတာလဲ? ချန်းကျီး၊ သူက မင်းရဲ့ နှုတ်ကနေ ထုတ်ပြီး စကားပြောဖို့ကိုတောင် ထိုက်တန်တဲ့ လူ မဟုတ်ဘူးကွ!"

ဖန်းလင့်သည် ဖေ့ရှစ်၏ စကားကို ကြားသောအခါ သူ့ကိုယ်သူ သရော်ပြုံးပြုံးလိုက်ပြီး -

"ငါတို့ရဲ့ ဖန်းမျိုးနွယ်က ဒီလိုစိတ်မကောင်းစရာ အခြေအနေမှာ တကယ်ပဲ ကျဆုံးသွားပြီလား? ငါ့အနေနဲ့ ထမင်းတစ်နပ်စာအတွက် ငါ့ရဲ့ ကိုယ်ကျင့်သိက္ခာတွေကို အဆုံးအရှုံးရမယ်ဆိုရင်၊ ငါ ခံနိုင်သေးတယ်.... ဒါပေမဲ့ သူ့ရဲ့ လှောင်ပြောင်မှုကိုတော့ လုံးဝ မခံနိုင်ဘူး.... အဲ့ဒီအစား ငါ အသေပဲ ခံလိုက်မယ်... "

ဖန်းလင့်၏ နာကျင်နေသော မျက်နှာအမူအရာကို ကြည့်၍၊ ဤရက်များအတွင်း ဖန်းလင့်နှင့် ပတ်သတ်ပြီး ပြောဆိုခဲ့သော အတင်းအဖျင်းများသည် ဖန်းလင့်အား အမှန်တကယ် ထိခိုက်နာကျင်စေမှန်း ဖေ့ရှစ် သိလိုက်ရသည်။ ဖေ့ရှစ်သည် လက်လျားလက်လျားနှင့် အချိန်ဖြုန်းနေတတ်သူ တစ်ယောက်ဖြစ်သော်လည်း၊ သူသည် အရာရာအား ခွင့်လွတ်တတ်သူ ဖြစ်၏။ သူက ဖန်းလင့်အား နှစ်သိမ့်စကားဆိုလိုက်သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now