Chapter 38:(စစ်တပ်စည်းမျဉ်း)

1.5K 338 70
                                    

[Unicode]
           - စစ်တပ်စည်းမျဉ်း -

နှင်းများသည် သုံးလေးရက်တိုင်အောင် အဆက်,မ
ပြတ်ကျဆင်းလို့နေသဖြင့် ရှောင်းချီရယ်သည်လည်း
ပျင်းရိကာ စစ်ရေးလေ့ကျင့်ကွင်းဆီသို့ သိပ်မသွား‌
ဖြစ်တော့ပေ။ထိုအစား သူသည် လုံယိုကုန်သည်ကြီး
များနှင့် တွေ့ဆုံပြီး၊ ယုံချွမ်ဆိပ်ကမ်းမှ တင်ပို့သော တန်ဖိုးကြီးပုလဲများနှင့် ဟယ်ကျိုးစီရင်စုနယ်၏ ထုတ်ကုန်ကောင်းတစ်ခုဖြစ်သည့် နဂါးသွဲ့ကျောက်
များကို ဝယ်ယူခဲ့သည်။

တစ်ဖက်၌ လီကျန့်ဟန်သည်လည်း ဤရက်များအ
တွင်း စိတ်ကြည်လင်လို့နေပြီး၊ ရာသီဥတုမည်မျှပင် ဆိုးဝါးပါစေ ညီလာခံသို့ နေ့စဉ်နေ့တိုင်းသွားကာ အမတ်ကြီးဟိုင်လျှန်ယီအား ဆုံးမဩဝါဒ ချွေခိုင်း
တတ်သည်။ သို့သည့်တိုင် သူဟာ သူ၏လုပ်ဆောင်
မှုများကို အမြဲတမ်းလိုလို လျှစ်လျှူရှုထားတတ်
သည့် ရှောင်းချီရယ်ကို မြင်သည့်အချိန်တိုင်း၊ ထိုလူ့
အား သူတို့၏ စကားဝိုင်းထဲသို့ ဝင်ပါလာရန် တွန်း
အားပေးလေ့ရှိသည်။ အနှီးလီကျန့်ဟန်၏စိတ်များ
သည်ကား အမှန်တကယ်ပင် ပြောင်းလဲသွားပုံပေါ်
ချေ၏။

ရှောင်းချီရယ်သည် လီကျန့်ဟန်ပြောင်းလဲသွားပုံကို
ကြည့်ကာ သူ၏ စိတ်ထဲ၌ ဝမ်းသာလို့ နေသဖြင့် ၊
ဖုန်းတောင်တန်းသို့သွားကာ သမင်နှစ်ကောင်ကိုပင် အမဲလိုက်လာခဲ့ပြီး လီကျန့်ဟန်အား ဆက်သလိုက်
သည်။ သို့ရာတွင် လီကျန့်ဟန်သည် ဟွေ့ရှန်းစား
သောက်ဆိုင်တွင် မြည်းကင်ကိစ္စဖြစ်ပြီးကတည်းက
သတ္တဝါရိုင်းများကို ကြောက်ရွံ့လို့နေပြီး၊ ခပ်ဝေး
ဝေးမှ ရှောင်ရှားနေရာ ရှောင်းချီရယ်ဆက်သလာ
သော သမင်များကို အားနာနာနှင့် ဟိုင်လျှန်ယီကို
သာ ပြန်၍ ချီမြှင့်လိုက်လေ၏။

ဤနှစ်ကား မကြာမီကုန်ဆုံးပေတော့မည်။

သို့ဖြစ်၍ ယစ်ပူဇော်ပွဲအခမ်းအနားနှင့် အရာရှိဧည့်ခံ
ပွဲတို့အား မကြာမီကျင်းပရမည်ဖြစ်ရာ ဝန်ကြီးဌာန
(၆)ခုနှင့် အထွေထွေဌာန(၂၄)ဌာနတို့သည် လက်
မလည်နိုင်အောင် အလုပ်ရှုပ်နေကြပြီး၊ အခမ်းအနား
ဦးစီးဌာနသည်လည်း ဌာန၏ အရေးကြီးပုဂ္ဂိုလ်တစ်
ချို့လစ်လပ်နေသဖြင့် ကျန်နေသော အရာရှိငယ်
များသည် အခမ်းအနားအား မည်သို့မည်ပုံပြင်ဆင်
ပေးရမည်ကို နားမလည်နိုင်ရှိနေ၏။ သူတို့သည် လီကျန့်ဟန်ကိုသာ အားကိုးတကြီးဖြင့် မည်သို့လုပ်
ဆောင်ရမည်ကို မေးမြန်းနေလျက်၊ လီကျန့်ဟန်မှာ သူတို့ဘက်မှ ထိုသို့မေးမြန်းလာသည့်အချန်တိုင်း ဦး
နှောက်အလွန်ခြောက်သွားရပြီး၊ ထိုကိစ္စအား ဟိုင်
လျှန်ယီနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးဌာနမှ အမတ်
ကြီးများထံသို့သာ လွှဲအပ်၍ ဒုက္ခခံခိုင်းတတ်၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now