Chapter 17:(ပဋိပက္ခ)

1.9K 384 52
                                    

[Unicode]
- ပဋိပက္ခ -

ညသန်းခေါင်ယံအချိန်တွင် မယ်တော်ကြီး
သည် သူမ၏ကိုယ်ကို ခြုံထည်တို့လွှမ်းခြုံ
လိုက်ပြီး ကုတင်အမိုးမှ တွဲလဲကျနေသော
ခန်းဆီးစ,နောက်ကွယ်မှ အမေးစကား
ပြုလိုက်သည်။

"အဲ့ဒီဆူဆူညံညံအသံတွေက ဘာဖြစ်ရ
ပြန်တာတဲ့တုန်း?"

ဟွားရှန်းယီးကား အနားသို့ ချဉ်းကပ်သွား
ကာ ခန်းဆီးစကို ဘေးဖယ်လိုက်ပြီး၊
မယ်တော်ကြီးအား မွှေးပျံ့ပြီး နွေးထွေး
လှသည့် အိပ်ရာခင်းထက်မှ ဆင်းရန်
ကူညီပေးလိုက်သည်။သူမက နူးနူးညံ့ညံ့
ပင် ပြန်လည်ဖြေကြားလာ၏။

"သင်ကြားရေးဌာနက..စာသင်သားတွေက
ဧကရာဇ်...ရှန်မျိုးရိုးကို ရာထူးခန့်အပ်လိုက်
တာနဲ့ ပတ်သတ်ပြီး အမိန့်ကို ပြန်ရုတ်သိမ်း
စေချင်နေတာပါ။"

မယ်တော်ကြီးက မတ်တတ်ရပ်လာသဖြင့်
ဘေးတစ်ဖက်တစ်ချက်ရှိ အစေခံများလည်း
တိတ်တဆိတ် မီးအိမ်ထွန်းညှိကာ ခန်းဆီးစ,
ကို မ,တင်ပေးလိုက်ကြသည်။ဟွားရှန်းယီးက
မယ်တော်ကြီးကို လော်ဟန့်ကုတင်ပေါ်တွင် ထိုင်ရန်ကူညီ‌ပေးလျက်။ ထိုကုတင်ပေါ်ရှိ
နူးညံ့သည့် ကူရှင်တစ်ခုနှင့် အနွေးအိုးလေး
တို့က မယ်တော်ကြီးကို အနွေးဓာတ်ပေးနေ
စဉ်မှာပင်၊ အချဥ်ဖောက်ထားသည့် နို့နှစ်ကို
လည်း သူမအတွက် နွှေးထားပြီးလေပြီ။

မယ်တော်ကြီးသည်ကား အနည်းငယ်
မျက်မှောင်ကြုတ်ကာ ဇွန်းဖြင့်မွှေရင်း-

"ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး
ထ,ဖြစ်တာလဲ?"

သူမက အတန်ကြာအောင် စဉ်းစား
ချင့်ချိန်လိုက်ပြီးနောက်-

"ရာထူးခန့်အပ်တဲ့ အမိန့်ကို မနေ့ကတင်
ပေးလိုက်ရုံပဲရှိသေးတာ...ညကျတော့
သူတို့က ဆူပူသောင်းကျန်းနေကြပြီ ။
ဒါက မမြန်လွန်းဘူးလား?"

"ပြီးတော့...အဲ့ဒီပြဿနာကို ဖန်တီးတဲ့
လူတွေက...သင်ကြားရေးဌာနက စာသင်
သားတွေ...။"

ဟွားရှန်းယီးသည် မယ်တော်ကြီးနှင့်အတူ
လိုက်လျောညီထွေးအောင် ပြော၏။

"ကူးမူရဲ့၊ ဒီလောကမှာရှိတဲ့ ပညာရှင်
တွေအားလုံးက သင်ကြားရေးဌာနကို
စိတ်ဝင်စားနေကြပြီ..အတွင်းဝန်ကြီး
တောင် အဲ့ကိစ္စကို ဝင်မစွက်ဖက်ဘဲနေ,
နေတာ။"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now