Chapter 8:(သံသယ)

2.3K 425 24
                                    

[Unicode]
              - သံသယ -

တော်ဝင်စစ်တပ်သည် တာဝန်အချိန်လဲရန် စောင့်ဆိုင်နေကြသည်။ရာသီဥတုက အေးခဲ
လွန်းသဖြင့် သူတို့ဟာ ကိုယ်ကို အစွမ်းကုန်
ကြုံ့ထားကြ၏။

ချွိတူး၏ တော်ဝင်စစ်တပ်သည် မူလက
မြို့ကြီး(၈)ခု၏ နန်းစောင့်တပ်ဖြစ်ခဲ့ပေ
သည်။ထိုအချိန်တုန်းက သူတို့ဟာ ချွိတူးရှိ
တော်ဝင်နန်းတော်၏ မည်သူမှ မယှဉ်နိုင်
သော ခံတပ်ကြီးပင်။ ဟိုအရင်စည်းမျဉ်းအရ
ပြောရလျှင်ဖြင့် ယခုလို လူတစ်ယောက်ကို အကျဉ်း‌ခန်းထဲတွင် ဖမ်းချုပ်ထားခြင်းကဲ့သို့
အသေးအဖွဲ့အလုပ်များကို သူတို့အား
တာဝန်ပေးလိမ့်မည်မဟုတ်ချေ။ သို့သည်းတိုင်
နောက်ပိုင်း၌ ချွိတူး၏ မဟာလေ့ကျင့်ရေး
ဌာန(၈)ခုက အာဏာရလာသည်နှင့်အမျှ
တပ်နှစ်ခု၏ တာဝန်နှင့် ဝတ္တရားတို့မှာ ပြောင်း
လဲသွားတော့သည်။ ထို့အပြင် သူတို့ဟာ
စစ်ရေးလေ့ကျင့်မှုများကို ဖျက်သိမ်းခံရရုံ
သာမက ချွိတူး၏ အမှိုက်သာသာ လက်ပါး
စေအဖြစ် လုံးလုံးကျရောက်သွားခဲ့ချေ၏။
ယနေ့အဖို့၌မူ သူတို့အားလုံးသည် လက်နက်
အစစ်ကိုပင် မမြင်ဖူးတော့သော ဆွေစဉ်မျိုး
ဆက်စစ်အိမ်ထောင်စုများဖြစ်လာကြပြီး၊
သေဖို့စောင့်စားရင်း မျှော်လင့်ချက်မဲ့စွာ
ရှင်သန်နေကြရသည်။

ကောချင်းချင်းသည် တော်ဝင်ကိုယ်ရံတော်တပ်၏ တပ်မှူးတစ်ဦးမျှသာ ဖြစ်ပြီး၊ ချွိတူး၌ သူ့အား
အရာရှိတစ်ယောက်ဟု အမှန်တကယ် မယူဆနိုင်
သော်ငြား၊ တော်ဝင်စစ်တပ်ကို ထိန်းသိမ်းရာတွင်မူ
အဆင်ပြေလှပေသည်။ ၎င်းဟာ ဘာ့ကြောင့်လဲဆို
လျှင် ချွိတူးတွင် သူတို့တွေ နေ့စဉ်ကင်းလှည့်သော
အခါ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်စောင့်ရှောက်ရ
သောကြောင့်ပင်။ အကယ်၍ သူသာ ရာထူး
အနည်းငယ်မြင့်သည့် အရာရှိတစ်ယောက်ဖြစ်
ပါက သူတို့အနေဖြင့် ဆန္ဒရှိသလို လာဘ်ထိုး
ရဲလိမ့်မည်မဟုတ်ချေ။ ထို့အပြင် ကောချင်းချင်း
သည်ကား သူတို့နှင့် ဆက်ဆံရာ၌ အလွန်ကို သဘောကောင်းလွန်းလှသည်။ ဒါ့ကြောင့်လည်း တော်ဝင်စစ်တပ်က ကျိ‌ကန်းကို မသိကျိုးကျွန်
ပြုကာ ပုံမှန်အစေခံတစ်ယောက်လုပ်ဆောင်ရ
သည့် ဝေယျာဝစ္စကို တာဝန်ပေးထားလေသည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now