Chapter 4:(နောက်ဆုံးမျိုးဆက်)

3.2K 495 22
                                    

[Unicode]
-နောက်ဆုံး‌ ‌မျိုးဆက်-

စစ်ဖိနပ်များသည် နှင်းခဲထုများကို နင်းခြေကာ
ရှန်ဇယ်ချွမ်းကို လှည့်ပတ်နေခဲ့ပြီး အတန်ကြာမှ
သူ၏ ဘေးတွင် ရပ်တန့်သွားသည်။ ထိုသူက
ဖိနပ်ဦးထိပ်ဖြင့် ရှန်ဇယ်ချွမ်း၏ မျက်နှာ
အနေအထားကို တည့်မတ်အောင် ပြုပြင်
ယူလိုက်သဖြင့် သူ၏စစ်ဖိနပ်များပေါ်တွင်
သွေးများစွန်းထင်သွားသည်။ စစ်ခမောက်‌ကို ဆောင်းထားလျက်၊ တစ်စုံတစ်ခုကို မေးလိုက်
သည့် သူ၏စကားသံတို့မှာမူ အနည်းငယ်
မသဲမကွဲနိုင်နေ၏။

"ရှန်ဝေ့က မင်းရဲ့ အဖိုးကြီးလား?"

ရှန်ဇယ်ချွမ်းကား အံကို တင်းတင်းကြိတ်
ထားသည့်တိုင် သူ၏ခံတွင်းထဲမှ သွေးများ မရပ်မနားစီးကျနေသည်။ သူသည် သူ၏
လက်များကို မြှောက်ကာ ၎င်းတို့ကို
တားဆီးရန် ကြိုးစားသော်လည်း သူ၏
ကြိုးစားမှုမှာ အရာမထင်ခဲ့ချေ။ သူဟာ
မည်သည့်စကားကိုမှ ပြန်မဖြေခဲ့။

ထိုလူက ရှန်ဇယ်ချွမ်းကို အထင်သေးစွာ
ကြည့်လိုက်ပြီးနောက် ဆိုလာ၏။

"ငါ မင်းကို မေးနေတယ်။"

ရှန်ဇယ်ချွမ်းသည် ခေါင်းကို ‌ငုံ့ထားလျက်က
ခံတွင်းထဲတွင် သွေးများအပြည့်ဖြင့်
ပြောလာခဲ့သည်။

"ဟုတ်တယ်!"

ထိုအခိုက် ကျိလေက အခွင့်အရေးကို
အသုံးချကာ ဘေးမှ ဝင်ပြောလိုက်သည်။

"သူက ရှန်ဝေ့ရဲ့ ရှစ်ယောက်မြောက်သား...
.....သူ့နာမည်က ရှန်...."

ထိုသူသည် ရုတ်တရက် သူ၏ လက်များကို
မြှောက်ကာ စစ်ခမောက်ကို ဖယ်ရှားလိုက်
သဖြင့် ငယ်ရွယ်နုပျိုသော မျက်နှာတစ်ခုက
ထင်းခနဲ ပေါ်ပေါက်လာလေသည်။ ကောင်းကင်
ယံတွင် ရစ်ဝဲနေသော လင်းယုန်ငှက်သည်လည်း
လေဟုန်စီးလျက် ပျံဝဲလာပြီး သူ၏ပခုံးပေါ်တွင် သက်ဆင်းလိုက်ပုံမှာ အဆုတ်လိုက်အခဲလိုက်
ကျဆင်းနေသော နှင်းပွင့်များကို သရော်နေ
သယောင်ယောင်။ အနှီးလူသားသည် ရှန်ဇယ်ချွမ်း
အား ဟောင်းနွမ်းစုတ်ပြတ်နေသော ဖိနပ်တစ်စုံကို ကြည့်နေသကဲ့သို့ ကြည့်ရှု့နေလေသည်။
ထိုအကြည့်က စက်ဆုပ်ရွံရှာခြင်းပေလော၊ အထင်သေးခြင်းပေလော၊ ဝေခွဲရခက်လှပေ၏။
သို့သည်းတိုင် ဓားသွားတစ်ခုကဲ့သို့ အေးစက်နေ
မည်မှာ မလွဲပေ။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now