Chapter 34:(စစ်ဆေးမေးမြန်းခြင်း)

1.6K 313 42
                                    

[Unicode]
               - စစ်ဆေးမေးမြန်းခြင်း -

"မင်း...မင်း တကယ်ဘာဖြစ်..."

ကျိလေသည် သံတိုင်များအနီးတွင် ကပ်နေရာမှ ရှန်
ဇယ်ချွမ်း၏ အပြုံးကို မြင်လိုက်ရသောအခါ နောက်
သို့ အလိုလိုနေရင်း ဆုတ်သွားလိုက်မိသည်။

"မင်း တကယ်ဘာဖြစ်ချင်နေတာလဲ?"

"ခင်ဗျားက ကျွန်တော့်ကို မေးနေသေးတယ်?"

ရှန်ဇယ်ချွမ်းက ‌ရွှင်ပျစွာ ပြောလာ၏။

"ကျွန်တော့်ကို မေးနေစရာလိုနေသေးလို့လား?ဟမ်?"

အချိန်တွေပို၍ကြာလာသည်နှင့်အမျှ ရှန်ဇယ်ချွမ်း၏ အကြည့်များသည် အမုန်းတရာများနှင့်ပို၍ပြည့်နှက်
လာချေ၏။

ရှန်ဇယ်ချွမ်းကား ကျိလေအား ရှေ့သို့ တက်လာရန် အချက်ပြလိုက်သော်လည်း၊ ကျိလေမှာမူ နေရာတစ်
ချက်ပင် မရွေ့ရဲချေ။သူဟာ နံရံဆီသို့သာ တိုးကပ်
သွားမိပြီး၊ ရှန်ဇယ်ချွမ်းဆီသို့ ခြေတစ်လှမ်းစာလေး
ပင် တိုးသွားရန် ဆန္ဒမရှိခဲ့ပေ။

ရှန်ဇယ်ချွမ်းက ဆို၏။

"အကျဉ်းသားတွေဆိုတာ အသတ်ခံရဖို့ စောင့်ဆိုင်း
နေကြရတဲ့ စဉ်းနှီးတုံးပေါ်က တိရစ္ဆာန်တွေပဲ! ရှစ်ရှူး,
ခင်ဗျားက ကျွန်တော့်ကို မေးရဲသေးတယ်နော်!?"

ကျိလေက ပြန်၍ ခံပြောလာသည်။

"မင်းက ဘာလုပ်နိုင်မှာမို့လဲ?ငါ့ကို သတ်မှာလား?"

ရှန်ဇယ်ချွမ်းက ပြောသည်။

"ကျွန်တော်တို့ တူဝရီးနှစ်ယောက်စလုံး.. အရင်က
တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ အခွင့်အရေးတွေ
သိပ်မရှိခဲ့ဘူး။ အမှန်တိုင်း‌ပြောရရင်၊ ကျွန်တော်က
ခင်ဗျားနဲ့ကစားလို့ လုံးဝ,မဝသေးတာ အမှန်ပဲ! အဲ့
ဒါကြောင့် ကျွန်တော်က ဘယ်လိုလုပ်ပြီး ခင်ဗျား
ကို မြန်မြန်ဆန်ဆန်ကြီး သတ်ပစ်နိုင်မှာလဲ?"

ရှန်ဇယ်ချွမ်း၏ လက်မလေးသည် သံတိုင်များတစ်
လျောက်ရွေ့လျားသွားပြီး၊ သူက လေသံကို လျော့
ကာ ဆက်ပြောလာလေ၏။

"ခင်ဗျား အခု ဘာစကားတစ်ခွန်းမှ ပြန်မပြောတာ
က အမှန်တရား‌တွေကို ဖွင့်ပြောမိသွားမှာ ကြောက်
လို့လား? မပူပါနဲ့၊ ခင်ဗျားလက်ထဲမှာ အဲ့ဒီလျှို့ဝှက်
ချက်တွေ ရှိနေသရွေ့ ဘယ်သူမှ ခင်ဗျားကို မထိရဲပါ
ဘူး။ ခင်းဗျားကို ကြည့်ရတာ...ဒီအကျဉ်းထောင်ထဲ
နေရတာ အတော်လေးအဆင်ပြေနေတယ်ထင်တယ်
...အစားအသောက်အတွက်လည်း မပူရ၊ အဝတ်အ
စားအတွက်လည်း မပူရနဲ့ ၊ အသက်တောင် လုံခြုံမှု
ရှိနေသေးတယ်။ ပြီးတော့ ဖန်းရူကွေ့ကလည်း ဘေး
နားကနေ ခင်ဗျားကို အဖော်ပြုနေတယ်...ခင်ဗျားမှာ အနားယူအချိန်တွေ အများကြီး ရှိနေတာဆိုတော့...
ဒီနေရာမှာ ခင်ဗျား ပူပင်ကြောင့်ကြမှုတွေ မရှိဘဲ  ၊ ပျော်နေတယ်မို့လား?"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Kde žijí příběhy. Začni objevovat