Chapter 23:(ထစ်ချုန်းမိုး)

1.6K 383 67
                                    

[Unicode]
           - ထစ်ချုန်းမိုး -

လေပြင်မုန်တိုင်းဒဏ်ကြောင့် အမဲလိုက်ကွင်းထဲတွင် ပေါက်ရောက်နေသော မြက်ပင်တို့မှာ ဟိုသည်ယိမ်းနွဲ့
နေကြသည်။ ထို့အတူ မီးပုံထက်မှ မီးတောက်မီးလျှံ
သည်လည်း ရုတ်တရက် ဝုန်းခနဲ ထတောက်လာပြီး၊ ဓားအချင်းချင်း ထိခတ်သံများဖြင့် ဆူညံကုန်၏။

ယခုအခါတွင် စားသောက်ပွဲကြီးတစ်ခုလုံးသည် ပရမ်းပတာအခြေအနေသို့ ရောက်ရှိသွားပြီး ၊
ဟိုင်လျှန်ယီက မြေပြင်ပေါ်မှ ကုန်းရုန်းပြီး ထလိုက်
သည်။ သူ့ကဲ့သို့ လူအိုကြီးတစ်ယောက်ထံ၌
ရုတ်တရက် မည်သို့သော အင်အားများရောက်
လာသည်မသိ၊ သူက ဖန်းရူကွေ့အား ကိုယ်လုံးနှင့်
ဒရောသောပါးဝင်တိုက်ရင်း အော်ဟစ်လိုက်လေ
တော့သည်။

"သစ္စာဖောက်မိန်းမစိုး! ငါ့ရဲ့ အရှင့်ကို နာကျင်
အောင် မလုပ်နဲ့!! ထိရဲရင် ထိကြည့်စမ်း!"

မင်းသား ချူသည် မြင်းပေါ်တွင် ထိုင်လို့ နေပြီး၊
ဓားရောင်များ တလက်လက်တောက်ပနေပုံကို
ကြည့်ကာ တုန်တုန်ယင်ယင်ဖြစ်နေရှာသည်။ သူက
မြင်း၏ လည်ပင်းကို ဖက်ကာ၊ မျက်လုံးများကို မှိတ်ချလိုက်ပြီး အော်ဟစ်လိုက်သည်။

"ချဲ့အန်း! ချဲ့အန်း ငါ့ကို ကယ်ဦး!!"

ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်ကြားမှ ရှောင်းချီရယ်
သည် ကျိလေကို အနောက်ရောက်သွားအောင်
ကန်ပစ်လိုက်သည်။ ထို့နောက် သူသည် သူ၏
နောက်ကနေ၍ အလစ်ချောင်းတိုက်ခိုက်ရန် ကြံစည်
နေသော ကိုယ်ရံတော်တစ်ယောက်ကို နောက်သို့
ပြန်လှည့်မကြည့်ဘဲ လန်လိဓားနှင့် ထိုးချပစ်လိုက်
သည်။ ပူပူနွေးနွေးသွေးများက သူ၏ ခန္ဓာကိုယ်အနှံ့ လာစင်နေလျက်။ သူဟာ လန်လိဓားကို ကိုင်ရင်း
ရှေ့သို့ ခြေနှစ်လှမ်း,တက်ကာ သူ့အား လာရောက်
တိုက်ခိုက်သော မဟာလေ့ကျင့်ရေးဌာန(၈)ခုမှ
ရဲမက်များကို ပြန်လည်တိုက်ခိုက်တော့သည်။

အခြားတစ်ဖက်၌ ချန်ယန်သည် မြင်းပေါ်သို့
လွှားခနဲ ခုန်တက်လိုက်ပြီး၊ လီကျန့်ဟန်ကို ဆွဲထူ
ကာ၊ ကျယ်လောင်စွာ လေချွန်လျက်၊ မင်းသားချူ၏ သက်တော်စောင့်များကို အော်ခေါ်လိုက်သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now