Chapter 36:(သင်းရနံ့)

1.9K 340 95
                                    

[Unicode]
                - သင်းရနံ့ -

ရှန်ဇယ်ချွမ်းသည် နောက်ဆုံးအကြိမ်တုန်းက ရှောင်း
ချီရယ်ပြုမူခဲ့သော အပြုအမူကိုအတုခိုးကာ ရေကို
လက်ခုပ်နှင့်ခပ်၍ ရှောင်းချီရယ်၏ မျက်နှာကို ပတ်
လိုက်ပြီး ထိုလူ၏လက်ထဲမှ အဝတ်အစားများကို
လျှင်မြန်စွာ ဖမ်းဆုပ်လိုက်သည်။

ရှောင်ချီရယ်သည်ကား ရေဖြင့် ပတ်ဖျန်းခံရသည့်
အတွက်ကြောင့် သူ၏ မျက်လုံးများကို မဖွင့်နိုင်ဘဲ
ရှိနေသည့်တိုင် သူဟာ မျက်လုံးများကို မှိတ်ထား
လျက်မှ လက်တစ်ဖက်ဖြင့် ခြောက်သွေ့သော မျက်
နှာသုတ်ပုဝါတစ်ထည်ကို ဆွဲယူလိုက်ပြီး သူ၏ရှေ့
မှ ရှန်ဇယ်ချွမ်း၏ ခေါင်းအား အုပ်ပစ်လိုက်ကာ
တစ်ခေါင်းလုံး အကြမ်းပတမ်း သုတ်ပေးလိုက်‌၏။ရှန်ဇယ်ချွမ်းမှာ အဝတ်ဝတ်နေဆဲပင် ဖြစ်သဖြင့်၊ ရှောင်းချီရယ်၏ကြမ်းတမ်းသည့်အပြုအမူကြောင့် သူ၏ခန္ဓာကိုယ်မှာ ဟိုသည်ယိမ်းထိုးနေလေတော့
သည်။ ရှောင်းချီရယ်၏ လုပ်ရပ်များကြောင့် ရှန်
ဇယ်ချွမ်း၏စိတ်အတွင်း၌ မကျေနပ်မှုများ တဖွား
ဖွားပေါ်ပေါက်လာလို့လာခဲ့ပြီး၊ သူ၏ ခြေဗလာ
ဖြစ်‌နေသော ခြေထောက်တစ်ဖက်ကို မြှောက်ကာ ရှောင်းချီရယ်ထိုင်နေသော ကုလားထိုင်ကို အဝေး
သို့ ကန်ချပစ်လိုက်၏။

ရှောင်းချီရယ်၏တင်ပါးအောက်မှ ကုလားထိုင်သည် ရှန်ဇယ်ချွမ်း၏ကန်ချက်ကြောင့် နောက်သို့အနည်း
ငယ်ရွေ့လျားသွားသော်လည်း၊ ရှောင်းချီရယ်သည်
သူ၏ခြေထောက်များကိုဆန့်ထုတ်လိုက်ပြီး ရှန်ဇယ်
ချွမ်းအား အတင်းရစ်ပတ်ကာ အနှီးလူကို သူ့ဆီသို့
ရောက်အောင် ဆွဲချပစ်လိုက်သည်။ ထို့နောက် သူ
သည်ရှန်ဇယ်ချွမ်း၏ခေါင်းအား ခွေးပေါက်ကလေး
တစ်ကောင်အား ရေခြောက်အောင်သုတ်ပေးနေသ
ကဲ့သို့ ဆက်လက်၍ အတင်းသုတ်ပေးနေလေတော့
၏။

"ရုန်းမနေနဲ့၊ ငါကြိုက်တာ ငါ လုပ်မှာ!"

"မင်းးး..မင်းးး...ညစ်ပတ်တဲ့....အာ့!!!"

ရှောင်းချီရယ်က ရှန်ဇယ်ချွမ်း၏ မျက်နှာဘက်သို့
ပြောင်းကာကြမ်းကြမ်းတမ်းတမ်းသုတ်လာသဖြင့်၊ ရှန်ဇယ်ချွမ်း၏ အသံမှာ တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်တန့်သွားရတော့သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Место, где живут истории. Откройте их для себя