Chapter 55:(ငွေစာရင်းစာအုပ်များ)

1.1K 242 24
                                    

[Unicode]
         - ငွေစာရင်းစာအုပ်များ -

ရှောင်းချီရယ်သည် မဖြူစင်သော ရည်ရွယ်ချက်
ဖြင့် ရှန်ဇယ်ချွမ်း၏ နှုတ်ခမ်းတစ်စုံနှင့် လျှာတို့အား မနားတမ်း နမ်းရှိုက်လျက်ရှိသည်မှာ တစ်ဖက်သား
အဖို့ အသက်ရှူဖို့ပင် အနိုင်နိုင်ပင်။ ရှန်ဇယ်ချွမ်း၏
စိတ်များမှာ တဖြည်းဖြည်းဖရိုဖရဲဖြစ်လို့လာခဲ့ပြီး၊ တင်းတင်းကျပ်ကျပ်ဆုပ်ထားသော သူ၏လက်သီး
ဆုတ်သည်လည်း အချိန်များ တဖြည်းဖြည်း ကုန်
လွန်သွားသည်နှင့်အမျှ အားအင်ကုန်ခမ်းကာ ပြေ
ကျလာခဲ့ရတော့၏။

အသက်ရှူရ ခက်ခဲခြင်းသည် ရှန်ဇယ်ချွမ်းအား ပို
၍ပိုကာ မူးနောက်လာစေလျက်၊ ဤမှောင်မိုက်ပြီး
၊ မှုန်ဝါးဝါးနိုင်သော အမြင်အာရုံများအကြားတွင်
ရှန်ဇယ်ချွမ်းဟာ ရှောင်းချီရယ်၏ ထောင်ချောက်
အတွင်း၌ အလိုလို သားကောင်ဖြစ်သွားရသကဲ့သို့၊
ရေထဲတွင် ရုန်းကန်ရင်း၊ ရုန်းကန်ရင်းဖြင့် သူဟာ
ရေနက်ပိုင်းထဲသို့ တဖြည်းဖြည်း သာ၍ ရောက်
သွားရပြီး၊ သတိလစ်မေ့မျောတော့မည့် လက္ခဏာ
များ ပို၍ ထင်ရှားလာတော့သည်။

သို့သည်းတိုင် တစ်ဖက်မှ ရှောင်းချီရယ်ကမူ ရှန်
ဇယ်ချွမ်းအား သူ၏ လက်ထဲ၌ အကျဉ်းချထားခံ
ရသူတစ်ယောက်ကဲ့သို့ မရုန်းနိုင်‌အောင် တင်းတင်း
ကျပ်ကျပ်ချုပ်ထားလျက်၊ ဤခဏ၌ ရှန်ဇယ်ချွမ်း
မှီခိုအားထားရမည့် လူဟာ သူတစ်ယောက်တည်း
သာလျှင်ဖြစ်ကြောင်း သေချာအောင် လုပ်နေ၏။

ထိုအခိုက် ယွီရှောင်ဇိုက်သည် ကုတင်ဘေးသို့ လှမ်း
လာခဲ့ရာ၊ သူ၏ ခြေထောက်တစ်စုံသည် သူတို့နှစ်ဦး
ရှိရာ ညာဘက်နားသို့ ရောက်လာကြသည်။

သို့သော် အချိန်ကိုက်ဆိုသလိုပင် ထိုခဏ၌ အပြင်
ဘက်မှ ရုတ်တရက် အလျင်စလို လှမ်းလာသော
ခြေသံများ ထွက်ပေါ်လို့ လာပြီး၊ ချန်ယန်က အ
ဆောတလျင် ဆိုလိုက်၏။

"လူကြီးမင်းက ဒီမှာ ရောက်နေတာပဲ! ကျေးဇူးပြု
ပြီး ဒီနိမ့်ကျတဲ့အစေခံနဲ့ လိုက်ခဲ့ပေးပါဦး! စာကြည့်
ခန်းထဲမှာ တွေ့တဲ့ စာရွတ်စာတမ်းတစ်ခုက လူကြီး
မင်းကိုယ်တိုင် စစ်ဆေးဖို့ လိုအပ်နေလို့ပါ...!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now