Chapter 57:Part I(အမှုပိတ်သိမ်းခြင်း)

1.1K 232 19
                                    

[Unicode]
- အမှုပိတ်သိမ်းခြင်း -

"အဲ့ဒီနေ့တုန်းက တိမ်တွေ ထူပြီး၊ လေတွေလည်း
ထန်နေခဲ့တာပါ..! ဒီကျွန်က ကံကြမ္မာသကြားလုံး
တွေကို တော်ဝင်ကိုယ်လုပ်တော်‌တွေဆီ သွားပို့ရတာ
မို့၊ ချိုက်ဝေ့နန်းတော်က တော်ဝင်ကိုယ်လုပ်တော် မု
နျန်နျန်ဆီ အဲ့ဒီသကြားလုံးတွေ ပို့ပြီး၊ ထွက်လာတဲ့
အချိန်မှာ မုနျန်နျန်နဲ့ ဆုံခဲ့တာပါ.. ပြီးတော့ မုနျန်နျန်
ကို တွေ့လို့ ကျွန်တော်မျိုး နံရံထောင့်ကို ဆုတ်ပြီး ၊
လမ်းဖယ်ပေးလိုက်တဲ့ အချိန်မှာပဲ ပြစ်တင်ရှုတ်ချ
နေတဲ့ လူတစ်ယောက်ရဲ့ အသံကို ကြားခဲ့ရတာပါ...
အဲ့ဒါနဲ့ ကျွန်တော်မျိုးလည်း သိချင်စိတ် ပြင်းပြလာ
တာကြောင့်၊ ခေါင်းထောင်ပြီး အသံလာရာ,ဘက်ကို လှမ်းကြည့်လိုက်မိတော့...ချိုက်ဝေ့နန်းတော်က မိန်း
မစိုးချုပ်နဲ့ လျှိုရှန်းကူးကူတို့ အချင်းများနေတာကို တွေ့ခဲ့ရပါတယ်..."

"ပထမဆုံး အမှုစစ်ဆေးတဲ့ အချိန်ကတည်းက ဒီအ
ကြောင်းကို မပြောဘဲ၊ ဘာဖြစ်လို့ မင်းက နှုတ်ဆိတ်
နေခဲ့တာလဲ?"

ခန်းမကြီးတစ်ခုလုံး မှတ်တမ်းမှတ်နေသံမှ လွဲ၍ ပ
ကတိ တိတ်ဆိတ်ငြိမ်သက်နေလျက်။ မီးအိမ်အနည်း
ငယ်ကိုသာ ထွန်းညှိထားပြီး၊ ညပေါင်းများစွာ ဆက်
တိုက် စစ်ဆေးနေခဲ့ရသော ခုန်ကျိုးမှာ လက်ဖက်
ရည်ပြင်းပြင်းထည့်ထား‌သော အိုးပေါင်းများစွာကို ကုန်အောင် သောက်၍ သူ့ကိုယ်သူ အားယူနေရ၏။ ယခုအခါ၌ သူသည် လက်နှစ်ဖက်ကို ပိုက်လျက်၊
ခန်းမထဲတွင် ဒူးထောက်နေသော ယင်ကျူးအား တစ်ခုချင်းအသေးစိတ်မေး မြန်နေခဲ့သည်။

ယင်ကျူး၏ နှုတ်ခမ်းများသည် ဖွင့်ချည်ပိတ်ချည်
ဖြင့် -

"လျှောက်တင်ပါတယ်...လူကြီးမင်! ဒီကျွန်က ဒီကိစ္စ
ကို အသေးအမွှားကိစ္စလို့ ထင်ခဲ့မိတာကြောင့်ရော ၊
ပြီးတော့ အဲ့ဒီနေ့က တိုက်ခတ်တဲ့ လေက ပြင်းထန်
လွန်းတာကြောင့် သူတို့ငြင်းခုန်နေကြတဲ့ အကြောင်း
အရာတွေကို နားကြားမှားပြီး၊ လူကြီးမင်းတို့ကို အ
ဖြေအမှားတွေ ပေးမိသွားမှာ စိုးရွံ့လို့ပါ!"

ထိုအချိန်၌ ဖုလင်ယဲ့သည် သူ၏ နဖူးကြောများကို သိသိသာသာ တွန့်ချိုးလျက်၊ မေးခွန်းထုတ်လိုက်
သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now