Chapter 1:(အေးစက်သော လေ)

10.1K 802 21
                                    

[Unicode]
-အေးစက်‌သော လေ-

"ကျန့်ရှင်းမင်းသား ရှန်ဝေ့ရဲ့စစ်တပ်က အရှေ့
မြောက်အရပ်က ချာရှီမြစ်မှာ အပြတ်အသတ်ချေ
မှုန်းခံခဲ့ရတယ်...သွင်းကျိုးရဲ့ ရှေ့တန်းခံတပ်လည်း ရန်သူ့လက်ထဲမှာ ကျသွားပြီ...စစ်သည်ပေါင်းသုံး
သောင်းလည်း ချာရှီတွင်းနက်ထဲမှာ အရှင်လက်
လက် မြေမြှုပ်ခံခဲ့ရတယ်။ အဲ့ဒီထဲမှာ မင်းလည်း
ပါပေမဲ့၊ မင်းက ဘာဖြစ်လို့ ထိခိုက်ဒဏ်ရာမရဘဲ  တစ်ယောက်တည်း လွတ်မြောက်လာခဲ့တာလဲ?"

ရှန်ဇယ်ချွမ်း၏ မျက်ဝန်းများသည် အသက်ကင်း
မဲ့စွာ ငိုင်တွေနေပြီး၊ သူဟာ မည်သည့်စကားမှ ပြန်
မဖြေခဲ့ချေ။

စစ်ဆေးရေးမှူးသည် စားပွဲကို တစ်ချက်ပုတ်ကာ မလိုမုန်းထားသော စူးစူးရဲရဲမျက်ဝန်းများနဲ့အတူ ကိုယ်ကိုရှေ့သို့ ကိုင်းညွှတ်ကာ ရှန်ဇယ်ချွမ်းအား
မေးလာ၏။

"ဘာလို့လဲဆိုတော့ ရှန့်ဝေက ပျဲန်းရှားမျိုးနွယ်စု
(၁၂)စုနဲ့ လျှို့ဝှက်ဆက်သွယ်ပြီး၊ ငါတို့ရဲ့ အပြင်
ဘက်က ရန်သူတွေကို ကျုံးပေါ်ရဲ့ စီရင်စုနယ်(၆)
ခုအကြောင်း ပြောပြဖို့ ရည်ရွယ်နေလို့...ပြီးတော့
မင်းကလည်း လျှို့ဝှက်အတွင်းအဖွဲ့ကနေ ရန်သူ
တွေနဲ့ ပူးပေါင်းပြီး ချွိတူးရဲ့အကာအကွယ်ကို ချိုး
ဖောက်ချင်နေတယ်...အဲ့ဒါကြောင့် ပျဲန်းရှားစစ်တပ်
က မင်းကို မသတ်ခဲ့တာပဲ! ငါ ပြောတာ မှန်တယ်
မဟုတ်လား?"

ရှန်ဇယ်ချွမ်းသည် သူ့၏ ခြောက်သွေ့ပြီး အက်ကွဲ
နေသော နှုတ်ခမ်းတို့ကို တစ်ချက်လှုပ်လိုက်၏။ သူ
ဟာ စစ်ဆေးရေးမှူး၏ မေးခွန်းကို အတော်လေး အားစိုက်နားထောင်နေရင်းမှ၊ အထစ်ထစ်အငေါ့ငေါ့
ဖြင့် ဖြေကြားလာရာ သူ့၏ လည်ဇလုပ်မှာ လှုပ်ရှား
သွားတော့သည်။

"မ....မဟုတ်ဘူး..."

စစ်ဆေးရေးမှူးက မာဆက်ဆက်အသံဖြင့် ဆိုလာ
၏။

"ရှန်ဝေ့က အပြစ်ပေးခံရမှာကြောက်လို့ သူ့ဘဝကို
သူ စွန့်လွှတ်ခဲ့တယ်...ကိုယ်ရံတော်တွေကလည်း
သူတို့ရဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု သက်သေ အ
ထောက်အထားတွေကို ဧကရာဇ်အရှင်ဆီ တင်ပြ
ပြီးသွားပြီ...ဒါတောင်မှ..မင်းက အခုချိန်ထိ အဲ့ဒါကို ငြင်းဆန်နေချင်သေးတယ်...မင်းက တော်တော့်ကို
ခေါင်းမာတာပဲ.."

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now