Chapter 5:(ရှေ့တန်းစစ်မျက်နှာ)

2.6K 467 30
                                    

[Unicode]
- ရှေ့တန်းစစ်မျက်နှာ -

ဆေးရည်များသည် ရှန်ဇယ်ချွမ်း၏ နှုတ်ခမ်း
ထောင့်စွန်းမှ စီကျလျက်ရှိပြီး သူ၏အင်္ကျီ
အရှေ့ပိုင်းတွင် အလိုလိုစိမ့်ဝင်သွားကြသည်။သမားတော်ကြီးမှာတော့ ဇောချွေးပျံလျက်
သူ၏ နားသယ်စများနှင့် နဖူးရှိ ချွေးစများကို
အကြိမ်ကြိမ်သုတ်ရင်း စိုးရိမ်ပူပန်လို့နေ၏။

"သူက ဆေးကို မျိုမချနိုင်ဘူး။"

သမားတော်ကြီက ဆက်ပြောလာ၏။

"သူ...ဆေးကို လုံးဝ မမျိုချနိုင်တော့ပါဘူး။"

ကောချင်းချင်းက သူ၏ ဓားကို ကိုင်ကာ
မတ်တတ်ရပ်နေရင်း ရှန်ဇယ်ချွမ်းကို
ခဏကြည့်လိုက်ပြီးနောက် မေးလိုက်သည်။

"ခင်‌ဗျားလုပ်နိုင်တာ တစ်ခုခု ရှိသေးလား?"

ဆေးပန်းကန်လုံးကို ကိုင်ထားသော သမား
တော်ကြီး၏ လက်များမှာ တဆက်ဆက်တုန်
ယင်နေပြီး ထိုအထဲမှ ဇွန်းသည်ပင် ပန်းကန်လုံး
နှင့်ရိုက်ခတ်ကာ တချွင်ချွင် မြည်နေလေသည်။
သူဟာ ကောချင်းချင်းကို အစွမ်းကုန်ဦးညွှတ်
လိုက်ကာ ပြောလာ၏။

"မတတ်နိုင်တော့ပါဘူး! သူက ဆေးကိုတောင်
မျိုမချတော့တာ! အတတ်နိုင်ဆုံး ကောက်ရိုး
ဖျာကို မြန်မြန်ပြင်ဆင်ထားသင့်ပါတယ် !"

ကောချင်းချင်း အခက်တွေ့နေချေပြီ။
သူက ပြောသည်။

"သူ့ကို အရင်ဆုံး‌ဆေးတိုက်လိုက်အုံး!"

သူသည် ထိုသို့ပြောရင်း ကိုယ်ကိုလှည့်ကာ
တခါးအပြင်သို့ ထွက်သွားလေတော့သည်။
ကျိလေက အပြင်ဘက်တွင် မတ်တတ်ရပ်
နေ၏။ ကောချင်းချင်းက သူ့ကို အရိုအသေ
ပေးလိုက်ပြီး-

"လူကြီးမင်း....သူ မတတ်နိုင်တော့ဘူးလို့
သမားတော်ကြီးက ပြောနေပါတယ်။"

ကျိလေကား မြေပဲခွံကို ဖိချေလိုက်ကာ
ကြေမွသွားသော အမှုန့်လေးများကို လေနှင့် မှုတ်ထုတ်ပစ်လိုက်သည်။ သူက မေးသည်။

"သူက သူ့ရဲ့နောက်ဆုံးထွက်သက်ကို ရှူပြီး
သွားပြီလား?"

ကောချင်းချင်းက ပြောလိုက်သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now