Chapter 73:(ဘွဲ့ထူး ချီးမြှင့်ခြင်း)

1K 215 26
                                    

[Unicode]
             - ဘွဲ့ထူး ချီးမြှင့်ခြင်း -

ရှောင်းချီရယ်သည် တော်ဝင်အမိန့်ပြန်တမ်းအား
လက်မခံခဲ့သော်လည်း၊ ဖူမန်ဟာ ရှောင်းချီရယ်အား ၎င်းနှင့်ပတ်သတ်ပြီး မဖျောင်းဖျရဲချေ။ သူသည် ထို
အကြောင်းအား အစီရင်ခံရန်အတွက် တော်ဝင် နန်း
တော်သို့သာ အလျင်စလို ပြန်လာခဲ့ရ၏။

နန်းတော်သို့ ရောက်သောအခါ လီကျန့်ဟန်မှာ ဖူမန်
ပြောပြသော ဖြစ်စဉ်တစ်ခုလုံးအား ဂရုတစိုက် နား
ထောင်နေလျက်မှ ဒေါသကြောင့် ရုတ်တရက် ထခုန်
လိုက်ပြီး-

"ကောင်းကင်ဘုံရဲ့ သားတော့်အမိန့်ဆိုတာ သူ ငြင်း
ပယ်ချင်တိုင်း ငြင်းပယ်လို့ရတဲ့ အရာဝတ္ထုတစ်ခုမှ မ
ဟုတ်ဘဲ! ကိုယ်တော့်အနေနဲ့ သူ့ကို အခုလို ဆုချီးမြှင့်
တဲ့ အချိန်မှာ သူ့ဘက်က‌နေ ဒူးထောက်ပြီး ၊ အဲ့ဒီဆု
လာဘ်ကို အသာတကြည်တောင် လက်ခံသင့်သေး
တယ်! သူ့ဆီကို နောက်တစ်ခေါက်ပြန်သွားချေစမ်း!"

သို့နှင့် ဖူမန်မှာ လီကျန့်ဟန်၏အမိန့်ကြောင့် သူ့ကိုယ်
သူ အားတင်၍ မြင်းပေါ်သို့ ခုန်တက်ကာ၊ ရှောင်းချီ
ရယ်၏ စံအိမ်ဆီသို့ နောက်တစ်ဖန် ထပ်၍ ရောက်
လာခဲ့ရပြန်သည်။ စံအိမ်ဝင်းထဲသို့ရောက်သောအခါ
သူသည် တော်ဝင်အမိန့်ပြန်တမ်းအား သူ၏လက်ထဲ
တွင် ခပ်ဖွဖွကိုင်ထားလျက်၊ တစ်ချိန်လုံး ဒူးထောက်
နေသော ရှောင်းချီရယ်အား မဝံ့မရဲကြည့်၍ကြောက်
ကြောက်လန့်လန့်ဖြင့် ဖျောင်းဖျစကားဆိုလိုက်သည်

"ဘုရင်ခံချုပ်, ဘုရင်ခံချုပ်! ဘာဖြစ်လို့ ဒီလို လုပ်ရ
တာပါလဲခင်ဗျာ? ကျွန်တော်တို့တွေ ဒီဆုလာဘ်ကိုရ
ဖို့အတွက်ပဲ ရေဆိုးမြောင်းထဲမှာ အချိန်တွေအကြာ
ကြီး လေးဘက်ထောက်ပြီး တွားသွားခဲ့ရတာမဟုတ်
ဘူးလား?"

ရှောင်းချီရယ်သည် မသာမယာဖြစ်နေသည့် မျက်နှာ
အမူအရာဖြင့် -

"ငါ အဲ့ဒီဘွဲ့ကို မလိုချင်ဘူး! မင်းရဲ့လေတွေကို အလ
ကား ဖြုန်းတီးပြီး၊ ငါ့ကို အနှောင့်အယှက် လာပေးမ
နေနဲ့!"

ဖူမန်သည်ကား အလွန်အမင်းစိတ်သောကရောက်နေ
ရလျက်။ သူ့အနေဖြင့် ရှောင်းချီရယ်အား မည်သို့မှ
ဖျောင်းဖျ၍ မရသဖြင့်၊ သူသည် သူမတ်တတ်ရပ်နေ
သော နေရာမှာပင် စိတ်ညစ်ညစ်ဖြင့် ခြေကို နှစ်ချက်
၊ သုံးချက်မျှဆောင့်လိုက်မိသည်။ သူသည် ရှောင်းချီ
ရယ်၏ကိုယ်စား တော်ဝင်အမိန့်ပြန်တမ်းအား လက်
ခံ၍လည်းမရရာ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသော
အရာသည်ကား အချိန်ဆွဲထားရန်သာ ဖြစ်နေ၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now