Chapter 46:Part 2(အရာရှိ ဧည့်ခံပွဲ)

1.3K 285 54
                                    

[Unicode]
            - အရာရှိ ဧည့်ခံပွဲ -

အရာရှိဧည့်ခံပွဲ စတင်သည်နှင့်တပြိုင်နက် ဧည့်ခံပြုစု
ရေးအဖွဲ့က အ‌စားအသောက်များဖြင့် စတင် ဧည့်ခံ
ပြီး၊ ဝိုင်ထုတ်လုပ်ရေးဌာနကလည်း သူတို့‌နောက်သို့
လိုက်၍ ဝိုင်များဖြင့် မရပ်မနား ဆက်သလေတော့
သည်။ လီကျန့်ဟန်ဟာ အချိုကြိုက်သူ ဖြစ်သဖြင့်၊ တော်ဝင်မုန့်တိုက်မှာ သူ့အတွက် ကျားမျက်လုံးငှက်
သိုက်မုန့်ကို ခပ်များများ ပြုလုပ်ထားရ၏။

လီကျန့်ဟန်သည်ကား နဂါးပလ္လင်ပေါ်တွင် ခန့်ညား
စွာ ထိုင်နေလျက်၊ သူ၏ အောက်ခြေအနားတွင်မူ မယ်တော်ကြီးနှင့် ဟွားရှန်းယီးတို့ အသီးသီး ထိုင်
နေကြကာ၊ မကြာသေးခင်ကမှ ကိုယ်လုပ်တော်ဘွဲ့
ကို ချီမြှင့်ခြင်းခံရသည့် ကိုယ်လုပ်တော် မုရူသည်
လည်း လီကျန့်ဟန်၏ ပလ္လင်အောက်ခြေအနားတွင် ထိုင်နေလေသည်။ ရှန်ဇယ်ချွမ်းနှင့် ဟန်ချန်ကမူ
လှေကားထစ်၏ အောက်ခြေတွင် တော်ဝင်စစ်တပ်
နှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြပြီး၊ စား
တော်ဆက်အဖွဲ့အစည်းမှ မိန်းမစိုးတစ်ယောက်သည်
လည်း ရှန်ဇယ်ချွမ်း၏ လက်ယာဘက်တွင် ရိုးကျိုး
စွာ ဒူးထောက်နေလေ၏။ လီကျန့်ဟန်၏ စားပွဲတွင် တည်ခင်းထားသော ဟင်းလျာများသည်_ဧကရာဇ်
အား စားတော်ဆက်ရသည့် ထိုမိန်းမစိုးက ပထမ
ဆုံး မြည်းကြည့်ထားသော ဟင်းလျာများပင်။

လီကျန့်ဟန်သည် ဤည၌ အလွန်နှစ်ထောင်းအားရ ဖြစ်တော်မူနေ‌လေရာ တက်ရောက်လာသော အရာ
ရှိ များအားလုံးကို အာဇဝင်းရွှင်ရွှင်ဖြင့် ဝိုင်သောက်
ရန် ဆော်ဩလျက်ရှိပြီး၊ သူကိုယ်တိုင်လည်း ဝိုင်
အများအပြားသောက်ကာ အနည်းငယ် ရီဝေဝေပင် ဖြစ်နေတော့သည်။

လီကျန့်ဟန်က ပလ္လင်ပေါ်တွင် ထိုင်နေလျက် -

"ငါကိုယ်တော်မြတ် စတင်ပြီး နန်းတက်ကတည်း
က ကံအားလျှော်စွာနဲ့ အသိပညာအမြှော်အမြင်
နဲ့ ပြည့်စုံတဲ့ အထုံပါရမီထူးကဲသူတွေကို အနားမှာ
ခေါ်ထားလိုက်နိုင်တယ်...အထူးသဖြင့် ကိုယ်တော့်
ရဲ့ဘေးမှာ အကြီးအကဲ ဟိုင်လိုမျိုး ကြည်လင်တဲ့
ကြေးမုံတစ်ချပ်* အမြဲတမ်း ရှိနေတာကြောင့်...
ကိုယ်တော် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ရ
မယ့် နေ့တွေကို ယောင်ပြီးတော့တောင် မမေ့ရဲ
တော့ဘူး....!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now