Chapter 12:(နဂါး‌လှေပွဲတော်)

1.9K 357 29
                                    

[Unicode]
         - နဂါးလှေပွဲတော် -

ရှစ်နှစ်မြောက် ရှန်ဒယ်။ နွေလယ်ကာလ။

ဘဏ္ဍာရေးဌာနမှ အမတ်ကြီး ဝမ်ရှန့်၏
ကော်လံဝိုင်းဝတ်ရုံပေါ်တွင် ချွေးများဖြင့်
ရွှဲရွှဲစိုနေသည်။ သူဟာ ပင်အပ်များပေါ်တွင် ထိုင်နေရသည့်အလား၊ ထိုင်ခုံပေါ်တွင်
မသက်မသာထိုင်နေလျက်၊ သူ၏ 'ဝူရှာ'
ဦးထုပ်ကို မ,ပြီး ချွေးသုတ်နေရသည်မှာ
ပထမဆုံးအကြိမ်ပင် မဟုတ်တော့ချေ။

"လူကြီးမင်း ရှောင်း!"

ဝမ်ရှန့်က ပြောမိပြောရာ ပြောလိုက်သည်။

"အဲ့...အဲ့ဒါက ဘဏ္ဍာရေးဌာနအနေနဲ့
လူကြီးမင်းကို ဘဏ္ဍာငွေတွေ ခွဲဝေ
မပေးချင်လို့ မဟုတ်ပါဘူး။ ဘဏ္ဍာတိုက်
ရဲ့ အသုံးစာရင်းတွေကို အခုချိန်ထိ
တွက်ချက်နေရတုန်းမို့ပါ....။ ပြီးတော့
ဖန်းကုန်းကုန်းလည်း ထောက်ခံချက်
မပေးသေးဘူး။ ဒီတော့ ကျွန်တော်တို့
လူကြီးမင်းဆီ အဲ့ဒီငွေပမာဏ ခွဲဝေ
ပေးလို့ လုံးဝမဖြစ်နိုင်လို့ပါ။"

“ငွေစာရင်းတွက်ဖို့က အချိန်သိပ်ကြာ
တယ်။”

ရှောင်းချီရယ်က လက်ဖက်ရည်ခွက်ကို
ကိုင်ကာ တစ်ငုံသောက်လိုက်သည်။

“ငါလည်း အခု ဒီမှာစောင့်နေတာပဲ
မဟုတ်ဘူးလား?မင်း ကြိုက်သလောက်
အချိန်ယူလို့ ရပါတယ်။”

ဝမ်ရှန့်၏ လည်ချောင်းမှာ နိမ့်ချည်
မြင့်ချည် လှုပ်ရှားသွားသည်။ သူဟာ
အေးအေးလူလူရှိနေသော ရှောင်းချီရယ်နှင့်၊
အပြင်ဘက် ဝရန်တာတွင် မတ်တတ်ရပ်
နေဆဲ‌ဖြစ်သော နန်းတွင်စစ်သည်များကို
တစ်လှည့်စီ ကြည့်ရှုနေမိသည်။

"လူကြီးမင်း"

ဝမ်ရှန့်က ခခယယ ဆိုလာသည်။

"ရာသီဥတုက ပူနေတယ်...ပြီးတော့
စစ်သည်တွေကို အပြင်မှာ ရပ်နေခိုင်း
တာက မကောင်းဘူးလို့ ကျွန်တော်
ထင်တယ်။ အအေးတိုက်ရအောင်
လူကြီးမင်းအားလုံးကို အထဲဖိတ်ခေါ်
ခွင့်ပြုပါဦး။အအေးခံထားတဲ့ ရေခဲတွေ
က__"

"ငါတို့က အဲ့ဒါနဲ့ ထိုက်တန်အောင်
ဘာကိုမှ ကူညီပေးဖူးတာ မဟုတ်ဘူး။"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now