Chapter 72:(မြင့်မြတ်သော ဘွဲ့ထူးအား တိုးမြှင့်ပေးခြင်း)

1.1K 220 34
                                    

[Unicode]
    - မြင့်မြတ်သော ဘွဲ့ထူးအား တိုးမြှင့်ပေးခြင်း -

ရှီးဟုန်ရွှမ်းဘက်မှ ဤကဲ့သို့အခိုင်အမာဆိုလာသော
အခါ ရှန်ဇယ်ချွမ်းမှာ အနှီးလူအား မသင်္ကာသလိုပင် ကြည့်လိုက်မိသည်။

သို့သော် ရှီးဟုန်ရွှမ်းသည် ထိုအကြောင်းအား ထပ်
၍ မဆွေးနွေးချင်တော့သည့်နှယ်၊ အခြားအကြောင်း
အရာတစ်ခုကိုသာ ပြောင်း၍ ဆိုလာခဲ့တော့သည်။

"တကယ်လို့ မင်းအနေနဲ့ လက်တလောမှာ နေထိုင်ဖို့
အတွက် သင့်လျော်တဲ့ နေရာတစ်ခုကိုသာ ရှာမတွေ့
သေးဘူး‌ဆိုရင် အဲ့ဒီချီအဘိုးကြီးကို မင်းရဲ့အနားမှာ
ခေါ်ထားဖို့ ကိစ္စက ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ?
သူ့ကို ငါနဲ့ပဲ ထားခဲ့လိုက်တော့!"

"ရူးနေတဲ့ အဖိုးကြီးတစ်ယောက်ကို သခင်လေးရဲ့စံ
အိမ်မှာ ထားဖို့ဆိုတာကလည်း ဘယ်လိုလုပ်ပြီး သင့်
လျော်ပါ့မလဲ?"

ရှန်ဇယ်ချွမ်းက တည်ငြိမ်စွာ ဆက်ပြောသည်။

"သခင်လေးက ဘာဖြစ်လို့ သူ့ကို အခုလိုမျိုးမရမက လိုချင်နေတာလဲ?"

"ငါ့အမြင်အရတော့...."

ရှီးဟုန်ရွှမ်းသည် သူ၏ လက်ကို ဆန့်ထုတ်၍ လည်
ပင်းအား ဓားနှင့်လှီးသည့်နှယ် ဆတ်ခနဲလုပ်ပြလိုက်️
ပြီး၊ တည်ငြိမ်စွာ ဆက်ပြောလာခဲ့သည်။

"အခုချိန်မှာ အကောင်းဆုံး ရွေးချယ်စရာဆိုလို့ သူ့
ကို အဆုံးသတ်ပစ်လိုက်ဖို့ပဲ ထင်တယ်....မင်းအနေနဲ့ ဘယ်လိုအကြောင်းမျိုးနဲ့မှ ဟိုတုန်းက ကိစ္စဟောင်း
တွေနဲ့ ဝင်ပြီး မပတ်သတ်သင့်ဘူး....အရင်တုန်က အ
ကြောင်းတွေကို မင်း ပိုပြီး သိရလေလေ၊ မင်းရဲ့ ဘ
ဝ,က ပိုပြီး ခက်ခဲလာလေလေဖြစ်လာလိမ့်မယ်...."

ရှီးဟုန်ရွှမ်းသည် သူ၏ လက်ကို ပြန်ရုတ်လိုက်ကာ ၊ ရှန်ဇယ်ချွမ်းအား မမှိတ်မသုန်စိုက်ကြည့်၍ ဆက်ဆို
လိုက်သည်။

" ဘယ်လိုလဲ? မင်းမှာ သူ့ကို အဆုံးသတ်ပစ်လိုက်ဖို့ ဆန္ဒမရှိဘူးလား?"

" ဒါပေါ့! ကျွန်တော့်အနေနဲ့ သူ့ကို ဘယ်လိုလုပ်ပြီး၊
အဆုံးသတ်ပစ်လိုက်ဖို့ ဆန္ဒရှိမှာလဲ ? သူက ယုန်ရီ
မင်းစိုးစံခဲ့တဲ့ အချိန်တုန်းက ထင်ရှားကျော်ကြားခဲ့တဲ့ အမတ်ဟောင်းတစ်ယောက်ဆိုတော့...သူ့အနေနဲ့  ရှန်
ဝေ့ရဲ့ အကြောင်းကို ကောင်းကောင်း သိမှာ သေချာ
ပေါက်ပဲ!အဲ့ဒီတော့ သူ့ကို အသက်ရှင်လျက်ထားတာ
ကပဲ ကျွန်တော့်အတွက် နောင်တစ်ချိန်ကျရင် အသုံး
ဝင်လာလိမ့်မယ်...!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now