Chapter 47:(အာဏာအတွက် ကြိုးပမ်းခြင်း)

1.3K 275 27
                                    

[Unicode]
     - အာဏာအတွက် ကြိုးပမ်းခြင်း -

လီကျန့်ဟန်သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူ့ရှေ့
သို့ ကျလာသော ခေါင်းပြတ်ကြီးကို သူ၏ တဆက်
ဆက်တုန်နေသော‌ ခြေထောက်ဖြင့် ကန်ချပစ်လိုက်
သည်။ သူသည် ဤခဏ၌ ဧကရာဇ်တစ်ယောက်၏
ရာဇအိန္ဒြေကိုလည်း ဆက်လက်၍ မထိန်းနိုင်တော့၊
နဂါးပလ္လင်နှင့် တစ်သားတည်း ဖြစ်သွားအောင်သာ
ကိုယ်ကို အစွမ်းကုန်ကျုံ့ထားမိသည်။ သူ၏ နားထဲ
၌ အော်ဟစ်သံများဖြင့် ဆူညံ‌နေလျက်၊ သူဟာ သူ
၏ ဝတ်ရုံပေါ်တွင် စွန်းထင်နေသော အနီရောင်သွေး
ကွက်များကို ကြည့်ကာ လူတစ်ယောက်က သူ၏
လည်ပင်းကို လာညှစ်သကဲ့သို့ ခံစားနေရပြီး၊ အတန် ကြာသည်အထိ စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။

ရှန်ဇယ်ချွမ်းသည် လီကျန့်ဟန်အား ဒူးတစ်‌ဖက်
ထောက်၍ အရိုအသေပေးလိုက်ပြီး၊ လေးနက်စွာ
ဆိုလိုက်သည်။

"မကြောက်ပါနဲ့ အရှင်မင်းမြတ်! လုပ်ကြံသူကို ကျွန်
တော်မျိုး ခေါင်းဖြတ်ပြီး ကွပ်မျက်ပစ်လိုက်ပါပြီးပြီ၊
ဒီနိမ့်ကျတဲ့ကျွန်‌တော်မျိုးက အရှင့်ကို ကာကွယ်‌ပေး
တဲ့ နေရာမှာ နောက်ကျသွားတဲ့အတွက် အပြစ်ပြုမိ
ပါတယ်...ကျွန်တော်မျိုး သေဖို့ ထိုက်တန်ကြောင်း
ပါ!"

လီကျန့်ဟန်မှာ ပလ္လင်လက်ရန်းအား ဆုပ်ကိုင်ဖို့ကြိုး
စားသော်လည်း၊ သူ၏ လက်များဟာ ထုံကျင်နေ
သဖြင့် နည်းနည်းလေးမှပင် လှုပ်ရှားလို့ မရချေ။
သူသည် သူ၏ အကြည့်များကို အလောင်းကောင်
ဆီမှ လွှဲကာ ရှေ့တွင် ဒူးထောက်နေသော ရှန်ဇယ်
ချွမ်းအား ကြည့်လိုက်၏။ ရှန်ဇယ်ချွမ်း၏ မျက်နှာ
ကို မြင်သောအခါမှ သူဟာ သတိပြန် ဝင်လာခဲ့ပြီး၊ ဝမ်းနည်းမှုများဖြင့် ရှန်ဇယ်ချွမ်း၏ ဝတ်ရုံလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိလေ၏။

"နောက်မကျဘူး....လုံးဝ မင်း နောက်မကျဘူး...!
လန်ကျိုး, မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ...ငါ
...ငါ...!"

"သမားတော်ကို မြန်မြန်ဆင့်ခေါ်ကြစမ်း!"

သွေးသံတရဲရဲ ဖြစ်နေသော လူသေအလောင်းကို
လျစ်လျူရှုကာ မယ်တော်ကြီးက အလျင်စလိုပြော
သည်။ သူမက လီကျန့်ဟန်၏ လက်ကို ဆုပ်ကိုင်
လျက်၊ အစောပိုင်းကနှင့်မတူစွာ နူးနူးညံ့ညံ့ ဆိုလိုက်
၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now