Chapter 43:(မြေပုံ)

2.1K 340 65
                                    

[Unicode]
                 - မြေပုံ -

ကျွော်ချန်းချိုးနှင့် ကျိကန်းတို့နှစ်ဦးသည် သုံးခွက်စီ
သောက်ပြီးသောအခါ မူလက ခပ်တန်းတန်းဖြစ်နေ
သော ခံစားချက်များ ကွယ်ပျောက်လို့ သွားသည်။
သူတို့သည် ယခုအချိန်ထိ တစ်ယောက်နှင့် တစ်
ယောက် လှိုက်လှိုက်လှဲလှဲ စကားမဆိုကြရသေး
သော်လည်း၊ ဝိုင်အရှိန်ကြောင့် စကားစမြည်ပြော
ရန်အတွက်မူ လုံလောက်တာထက် ပိုနေပြီဖြစ်၏။

ကျိကန်းသည် သူ၏ လည်ပင်းတွင် ရစ်ပတ်ထား
သော လည်စည်းပုဝါကို ဖြုတ်၍ ဝိုင်တစ်ငုံသောက်
လိုက်သဖြင့်၊ တစ်ဖက်မှ ကျွော်ချန်းချိုးသည် ကျိ
ကန်း၏ မျက်နှာတွင်သာမက လည်ပင်းတွင်လည်း
မီးသင့်ရာ အမာရွက်တစ်ခုရှိနေသည်ကို မြင်သော
အခါ မတတ်နိုင်ဘဲ ထုတ်မေးလိုက်တော့သည်။

"ဟိုတုန်းက ပျဲန်းရှားစစ်တပ်တွေ တွမ်းကျိုးကို
ကျူးကျော်ခဲ့ကြတယ်...ဒါပေမဲ့ မင်းက ဘယ်လို
ဖြစ်ပြီး ဒီလိုအခြေအနေနဲ့ အဆုံးသတ်သွားတာ
လဲ?"

ကျိကန်းသည် သူ၏ ဝိုင်ခွက်ကို လက်ထဲတွင် ဟိုဟို
သည်သည် လှည့်နေရင်းမှ အမျိုးအမည်မသိရသော
အပြုံးကို ပြုံးလိုက်ပြီး -

"ရှန်ဝေ့က သူ့ရဲ့တပ်တွေကို အလျင်စလို ဆုတ်သွား
တော့...တွမ်းကျိုးက တစ်ရက်တောင် မခံလိုက်ဘူး..
ပျဲန်းရှားစစ်သည်တွေရဲ့ လက်ထဲမှာ ကျသွားတယ်..
သူတို့က မြင်းတွေကို ဒုန်းစိုင်းစီးပြီး တွမ်းကျိုးကို မွှေနှောက်တဲ့အချိန်မှာ ငါ့ခြေထောက်တွေက မြန်မြန် မပြေးနိုင်ခဲ့ဘူး...အဲ့ဒီတော့ ငါက ဘယ်လိုလုပ်ပြီး လွှတ်မြောက်နိုင်မှာတဲ့လဲ? အဲ့ဒီအချိန်တုန်းက ငါ့မှာ
သူတို့နဲ့ သူသေကိုယ်သေ တိုက်ရုံအပြင် ရွေးချယ်
စရာ တခြားလမ်းမရှိခဲ့ဘူး.."

ဤနေရာအရောက်၌ ကျိကန်းသည် သူ၏ ဇနီးဟွား
ဖင်းထျှင်၏ အကြောင်းကို တွေးလိုက်မိသဖြင့် အ
လိုလို ဝမ်းနည်းလာရာ၊ သူဟာ ခေါင်းကို တစ်ဖက်
သို့ လှည့်၍ အကျည်းတန်လှသည့် သူ၏ မျက်နှာ
ကို လက်နှင့် ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်ပြီး မည်
သည့် စကားကိုမှ ထပ်မဆိုတော့ချေ။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Där berättelser lever. Upptäck nu