Arc(3.12)

5K 915 5
                                    

Unicode

Arc(3.12)


ထိုအချိန်မှာပဲအမှောင်ရိပ်များဖြစ်ပေါ်လာပြီးကောင်းကင်ယံတစ်ခုလုံးအနီရောင်တိမ်တိုက်များဖုန်းလွှမ်းသွားသည်။

ကောင်းကင်ပေါ်မှအနီရောင်တိမ်တိုက်များကြားရှိဝင်နေဆဲနေလုံးနှင့်အတူတောင်ထိပ်ပေါ်ရှိမြူခိုးများ၏ပတ်ပတ်လည်သည်လည်းနွေးထွေးသည့်လိမ္မော်နီရောင်တစ်လွှာလွှမ်းခြုံသွားခဲ့သည်။

.............

တိမ်နီတောင်,ညလဝန်းခန်းမထဲတွင်

လီလျိုနဲ့အကြီးအကဲများတို့အပြင်တောင်သခင်များအားလုံးကအဓိကခန်းမကြီးထဲကတစ်ဖက်တစ်ချက်မှာထိုင်နေကြသည်။သူ့ရှေ့ကစားပွဲခုံပေါ်မှာတော့ဝိဉာဉ်စမ်းရေဖြင့်ရေလောင်းစိုက်ပျိုးခဲ့သည့်နှစ်သုံးရာဝိဉာဉ်သီးပန်းကန်တစ်ချို့ရှိနေ၏။

လီလျိုကသူ့ကိုယ်ပိုင်နေရာမှာထိုင်နေပြီးသူ့ပုံစံက,ပင်မထိုင်ခုံမှာထိုင်နေသည့်ယဲထျန်းချီရဲ့စကားကိုအလေးအနက်ထားကာအာရုံစိုက်နားထောင်နေဟန်ပေါ်သော်လည်းတကယ်တမ်းကသူ့မျက်လုံးထောင့်ကနေရှေ့ကပန်းကန်ထဲမှဝိဉာဉ်သီးများကိုသာဆက်တိုက်ငေးကြည့်နေတာဖြစ်သည်။

အနီရောင်များ၊အဝါရောင်များနှင့်ပြည့်နှက်နေသည့်ထိုအသီးပန်းကန်များကိုကြည့်ရသည်မှာအသီးတိုင်းကအတော်လေးကိုအရွယ်အစားရောအရောင်ရောဆင်တူကြပြီးချိုမြသည့်မွှေးရနံ့ကိုခပ်ဖျော့ဖျော့ထုတ်လွှင့်နေတာကြောင့်လီလျိုသည်မနေနိုင်တော့ပဲသူ့လက်ချောင်းများကိုတိတ်တဆိတ်ရွှေ့မိတော့သည်။သူကကြည်လင်ကောင်းကင်ဂိုဏ်းမှာမြင့်မားတဲ့အဆင့်အတန်းရှိပေမယ့်လည်းထိုဝိဉာဉ်သီးများကတော့အမြဲတမ်းရနိုင်တာမဟုတ်ဘူးလေ။နောက်ဆုံးတစ်ခေါက်ကသူတစ်ခါစားခဲ့သည်မှာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကသူတံခါးပိတ်ကျင့်ကြံပြီးနောက်,ထွက်လာတဲ့အချိန်မှာဖြစ်ပြီးထိုအချိန်တုန်းကလည်းသစ်သီးနှစ်လုံးသုံးလုံးထက်မပိုခဲ့သည့်ပန်းကန်တစ်ချပ်သာဖြစ်သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now