Chapter - 65

3.7K 622 12
                                    

[Zawgyi]

{ချောမွေ့တဲ့ကျောက်တုံးက ပိုပြီးသက်တောင့်သက်သာရှိတယ်}

သူမတို့တွေ ရထားလုံးဆီပြန်ရောက်ချိန်မှာ လျှို့ဝှက်သက်တော်စောင့်က နဉ်ရှုကိုမေးလာသည်။

"ကျွန်တော်တို့ အခု ဘယ်ကိုသွားကြမှာလဲ?"

"စဉ်းစားလိုက်ဦးမယ်။"

ပညာရှိက ဘယ်မှာနေတယ်ဆိုတာကို နဉ်ရှုမသိပေ။

ဇာတ်ကြောင်းမှာ ချီရှန်းက နောက်ဆုံးထွက်သက်ကိုရှူ ထုတ်နေရပြီဖြစ်သည့် မုယန်မုန့်ကို အဝေးတစ်နေရာသို့ပို့ဆောင်ပစ်ခဲ့သည်။ သို့သော်လည်း သူ မုယန်မုန့်ကို အဝေးကိုပို့လိုက်ပြီးပြီးချင်းမှာပဲ လီယုဖေးက မုယန်မုန့်ကိုသတ်ဖို့ လုပ်ကြံသူတွေလွှတ်လိုက်မယ်လို့ သူ မထင်ထားခဲ့ပေ။

မုယန်မုန့်က ထွက်ပြေးနေချိန်မှာ ချောက်ကမ်းပါးပေါ်ကနေ ခြေချော်ပြီးကျသွားခဲ့သော်လည်း ပညာရှိတစ်ယောက်က သူမကိုတွေ့ကာ ကယ်ဆယ်ခဲ့ပြီးနောက် သူ့အိမ်ကိုခေါ်သွားခဲ့သည်။

အဲ့ဒီ့ဝေးလံခေါင်သီတဲ့ရွာလေးက ဘယ်မှာရှိတယ်ဆိုတာကို နဉ်ရှု မတွေးဆနိုင်ပေ။ သူမ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချရမှာလား?

"ဘယ်ကို သွားချင်ပါသလဲ သခင်မလေး?"

လျှို့ဝှက်သက်တော်စောင့်က ထပ်မေးသည်။

ငါက ဘယ်လိုလုပ်သိမှာလဲဟဲ့? ထို့နောက် နဉ်ရှုကပြောသည်။

"ဒီလမ်းအတိုင်း တန်းတန်းမတ်မတ်သာသွား။ လမ်းခွဲတွေ့ရင် ဘယ်ဘက်ကိုချိုး၊ နောက်ထပ်လမ်းခွဲတွေတွေ့ရင်လည်း ဘယ်ဘက်ကိုပဲချိုး။ ရွာတစ်ရွာကိုတွေ့ရင် အဲ့ရွာထဲကိုဝင်မယ်။"

လျှို့ဝှက်သက်တော်စောင့် : …

ဒါက ထင်ရာမြင်ရာလျှောက်သွားတယ်ဆိုဆော့ရော ဘာဖြစ်လဲ? ဘာပဲဖြစ်ဖြစ် အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်က တွေ့ကိုတွေ့ရမှာပဲလေ။

ယွဲ့လန်က စိုးရိမ်စွာမေးလာသည်။

"မမလေး၊ ကျွန်မတို့ လမ်းပျောက်သွားရင်ရော?"

"ဘာမှမဖြစ်ဘူး။ နင့်မမလေးကို ရှေ့ခရီးဆက်သွားနိုင်ဖို့ လမ်းပြမယ့် အလင်းရောင်မှိန်မှိန်လေးရှိတယ်။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now