Chapter - 10

7.4K 1K 11
                                    

[Zawgyi]

<-ာ>

စစ်ထူချင်းယွီရဲ့မျက်ဝန်းတွေက တပ်မက်မှုတွေနဲ့ပြည့်နေတာကို နဉ်ရှုမြင်တဲ့အခါ သူဘာလုပ်မလဲဆိုတာ နဉ်ရှုသိလိုက်သည်။ သူမရဲ့ဖြူ စင်မှာကိုကာကွယ်ရမယ်လို့ တာဝန်မှာပြမထားရင်တောင်မှ သူမအနေနဲ့တော့ ဒီလိုpsychopathကောင်နဲ့ ပေါင်းစည်းဖို့လုံးဝဆန္ဒမရှိပါပေ။

"ရှင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ?"

နဉ်ရှု စစ်ထူချင်းယွီကို လူသတ်ချင်နေတဲ့အေးစက်စက်အကြည့်နဲ့ကြည့်လိုက်သည်။ သို့သော်လည်း စစ်ထူချင်းယွီက လှောင်ပြောင်တဲ့လေသံနဲ့သာ တုန့်ပြန်လေ၏။

"ဒီစစ်သူကြီးကို ဒီလိုမျိုးဂုဏ်ယူနေပြီးမြင့်မြတ်သလိုအကြည့်မျိုးနဲ့ လာမကြည့်စမ်းနဲ့။ မဟုတ်လို့ကတော့ မင်းမျက်လုံးကိုဖောက်ထုတ်ပစ်ဖို့ ငါ့ကိုယ်ငါတားနိုင်မှာမဟုတ်ဘူး။ အဲ့မကောင်းတဲ့မိန်းမတွေကလည်း ငါ့ကိုဒီလိုအကြည့်တွေနဲ့ကြည့်တတ်တယ်။ နောက်တော့ သူတို့အားလုံး မမြင်နိုင်ကြတော့ဘူး။"

ကျွတ်..ကျွတ်...စိတ်ဖောက်ပြန်နေတဲ့သောက်ကောင်!

"ပြီးတော့ မင်းက ငါ့ကိုဘာလုပ်ဖို့ကြိုးစားနေတာလဲလို့မေးတယ်? အခန်းတစ်ခန်းတည်းမှာ နှစ်ယောက်တည်းရှိနေတဲ့ ယောက်ျားနဲ့မိန်းမ။ သူတို့ ဘာလုပ်မလဲ?"

စစ်ထူချင်းယွီက ခြိမ်းခြောက်သလိုပြောလာသည်။

"မင်းက -ာတစ်ယောက်လို စော်ကားခံရမှာ!"

နဉ်ရှု : ...

The Fuck? အမျိုးသားဇာတ်လိုက်တွေအကုန်လုံးက ဒီလိုပဲရိုင်းရိုင်းစိုင်းစိုင်းပြောကြတာလား? ဒါပေမယ့် သူ့ရဲ့ချောမောတဲ့ရုပ်ရည်နဲ့ဆိုတော့ လူမိုက်တစ်ယောက်လိုပြောနေတာတောင်မှ ဆွဲဆောင်မှုရှိနေတုန်းပဲဟ။

-ာတစ်ယောက်လိုတဲ့လား? နဉ်ရှု ရယ်မောလိုက်သည်။

"ရှင်ကလည်း -ာပဲ။"

ဒီသောက်ရူးက မိန်းမတွေအကုန်လုံးကို အမြစ်ပြတ်သုတ်သင်ချင်နေသလိုမျိုးကို မိန်းမတွေကိုမုန်းနေတာပင်။

"မင်းက လျှာစောင်းထက်သားပဲ။ ဒီစစ်သူကြီးကိုဒေါသထွက်အောင်လုပ်တဲ့အကျိုးဆက်ကို သိအောင်သင်ပြပေးရမှာပေါ့။"

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now